သတင်းများ

ရသေ့တောင်မြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊ ကလေးစာဖတ်ခန်း၌  ပန်းချီရေးဆွဲနည်း ပြိုင်ပွဲကျင်းပ
Apr 02,2022
ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ရသေ့တောင်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာန၊ ကလေးစာဖတ်ခန်း၌ ပန်ချီရေးဆွဲနည်းပြိုင်ပွဲအား ယမန်နေ့ မွန်းလွဲ ၁ နာရီက ကျင်းပပြု လုပ်ခဲ့သည်။
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန Community Centre ခန်မ၌ မြို့နယ်စာရေးဆရာအသင်း နှစ်ပတ်လည်မျက်နှာစုံညီ အစည်းအဝေးကျင်းပ
Apr 02,2022
ရန်ကုန်မြောက်ပိုင်းခရိုင်၊ လှိုင်သာယာ (အနောက်ပိုင်း) မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန Community Centre ခန်မ၌ မြို့နယ်စာရေး ဆရာအသင်း နှစ်ပတ်လည်မျက်နှာစုံညီ အစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီခွဲအချိန်က ကျင်းပပြုလုပ်သည်။
ရခိုင်ပြည်နယ်အတွင်း စားသုံးဆီဖူလုံစွာ ထုတ်လုပ်နိုင်ရေး ဆီစက်လုပ်ငန်းရှင်များနှင့်တွေ့ဆုံ
Apr 02,2022
ရခိုင်ပြည်နယ်အတွင်း စားသုံးဆီဖူလုံစွာ ထုတ်လုပ်နိုင်ရန် ဆီစက်လုပ်ငန်းရှင်များ အသင်းဖွဲ့စည်းနိုင်ရေးအတွက် ရခိုင်ပြည်နယ်အစိုးရအဖွဲ့ဝင် စီးပွားရေးရာဝန်ကြီး ဦးစံရွှေမောင်နှင့် ပြည်နယ်အတွင်းရှိ ဆီစက်လုပ်ငန်းရှင်များ တွေ့ဆုံပွဲကို ယမန်နေ့နံနက်ပိုင်းက ပြည်နယ်အစိုးရ အဖွဲ့ရုံးအစည်းအဝေး ခန်းမ၌ ကျင်းပသည်။
နွားထိုးကြီးမြို့လူထုအခြေပြုဗဟိုဌာန၌ လေပြင်းဘေးအသိပညာပေး Talk Show ဆွေးနွေးပွဲပြုလုပ်
Apr 02,2022
မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနတို့ ပူးပေါင်း၍ လေပြင်းဆိုင်ရာအသိပညာပေး Talk Show အစီအစဉ်ကို ယနေ့ နံနက် ၁၀ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန လူထုအခြေပြု ဗဟိုဌာန တွင်ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
သာစည်မြို့နယ်တွင် ခရီးသွားပြည်သူများအား နိုင်ငံသားစိစစ်ရေးကတ်စတင်စစ်ဆေး
Apr 02,2022
မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ်တွင် ခရီးသွားပြည်သူများအား နိုင်ငံသားစိစစ်ရေးကတ်ပြား စစ်ဆေးခြင်းကို လူဝင်မှုကြီးကြပ် ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန သာစည်မြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး ဦးအောင်မွန်နှင့်ဝန်ထမ်းများက ယမန်နေ့နံနက်ပိုင်းက မိတ္ထီလာ-တောင်ကြီးကားလမ်း ကျွဲတပ်ဆုံစစ်ဆေးရေးဂိတ်တွင် စတင်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
သံတွဲခရိုင်တွင် Mobile Phone ဖြင့် Video တည်းဖြတ် (Online)သင်တန်း ဖွင့်လှစ်
Apr 02,2022
Mobile Phone ဖြင့် Video တည်းဖြတ် (Online)သင်တန်းကို ယနေ့မွန်းလွဲ ၁ နာရီက သံတွဲခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်၊ မြို့နယ်၊ မြို့ရုံးများရှိ ဓာတ်ပုံ-၂ ဝန်ထမ်းများနှင့် စာကြည့်တိုက်တာဝန်ခံများအား (Online)စနစ်ဖြင့် ဖွင့်လှစ်သင်ကြားပေးလျက်ရှိသည်။
လူငယ်များ ဗလငါးတန် ဖွံ့ဖြိုးတိုးတက်စေရန်အတွက် နွေရာသီအခြေခံပန်းချီပညာသင်တန်းဖွင့်လှစ်
Apr 02,2022
လူငယ်များဗလငါးတန် ဖွံ့ဖြိုးတိုးတက်ရေးအတွက် နွေရာသီအခြေခံ ပန်းချီပညာသင်တန်းကို ဧပြီ(၁) ရက်နေ့ နံနက်(၁၁)နာရီအချိန်တွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ တောင်ကုတ် မြို့နယ်ရုံး၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ကျင်းပသည်။
ပင်လောင်းမြို့နယ်တွင် ခရီးသွားပြည်သူများအား နိုင်ငံသားကတ် (မှတ်ပုံတင်)  ယူ​ဆောင်သွားလာခြင်းရှိမရှိ စတင်စစ်ဆေး
Apr 02,2022
ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ်တွင် ခရီးသွားပြည်သူ များအား နိုင်ငံသားကတ်(မှတ်ပုံတင်)  ယူ​ဆောင်သွားလာခြင်း ရှိမရှိ စစ်ဆေးသည့်လုပ်ငန်းကို မြို့အဝင် ပင်လောင်း-လွိုင်ကော်- ပျဉ်းမနားလမ်းခွဲ စုပေါင်းစစ်ဆေးရေးဂိတ်၌  နေ့စဉ်နံနက် ၆ နာရီမှ စတင်စစ်​​ဆေးသွားမည်ဖြစ်ကြောင်း သိရသည်။