သတင်းများ

ဆိပ်ကြီးခနောင်တိုမြို့နယ်၌ အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ကျင့်ရေး(မွမ်းမံ) သင်တန်းဖွင့်လှစ်
Nov 02,2022
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တောင်ပိုင်းခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်အတွင်း မီးဘေးအန္တရာယ်နှင့် အခြားသောသဘာဝဘေးအန္တရာယ်များ ကြုံတွေ့လာပါက  ရှာဖွေကူညီ ကယ်ဆယ်ရေးလုပ်ငန်းများအား အချိန်နှင့်တစ်ပြေးညီ စနစ်တကျဆောင်ရွက်နိုင်ရန်နှင့် စွမ်းရည်ပြည့်ဝသည့် မီးသတ်တပ်ဖွဲ့ဝင်များ ဖြစ်လာစေရန်ရည်ရွယ်၍  အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး(မွမ်းမံ)သင်တန်းဖွင့်ပွဲကို ယမန်နေ့ညနေ ၄ နာရီက မြို့နယ်မီးသတ်ဦးစီးဌာနခန်းမတွင် ပြုလုပ်ခဲ့သည်။
မိုင်းဖြတ်မြို့နယ်၌ မီးဘေးသင့်မိသားစုဝင်အား ထောက်ပံ့ငွေနှင့် အသုံးအဆောင်ပစ္စည်းများထောက်ပံ့ပေးအပ်
Nov 02,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဖြတ်မြို့နယ်တွင် မြို့နယ်အန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ မီး​ဘေးသင့် မိသားစုဝင်အား ​ထောက်ပံ့​ငွေနှင့် မိသားစုအသုံးအ​ဆောင်များ ​ထောက်ပံ့​ပေးအပ်ခြင်းကို ယမန်​နေ့မွန်းလွှဲ ၂နာရီက မြို့နယ်အုပ်ချုပ်​ရေးမှူးရုံးခန်း၌ ​ထောက်ပံ့​ပေးအပ်ခဲ့​ကြောင်း သိရသည်။
သံတွဲခရိုင် လူထုအခြေပြုဗဟိုဌာနတွင် သဘာဝဘေးအန္တရာယ် အသိပညာပေး ဟောပြောပွဲ ကျင်းပ
Nov 02,2022
သံတွဲခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ဘေးအန္တရာယ်စီမံခန့်ခွဲမှုဦးစီးဌာနတို့ ပူးပေါင်းကျင်းပသည့် အသိပညာပေး ဟောပြောပွဲကို ယနေ့နံနက်(၉)နာရီက သံတွဲခရိုင် လူထုအခြေပြုဗဟိုဌာန (Community Centre)၌ ကျင်းပပြုလုပ်သည်။
သာကေတမြို့နယ်၌ ဆောင်းရာသီအခြေခံ အားကစားသင်တန်းများ ဖွင့်လှစ်သင်ကြား
Nov 02,2022
ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့နယ်၌ လူငယ်၊ လူရွယ်၊ ကျောင်းသား၊ ကျောင်းသူများ အားကစားကိုလေ့လာခြင်းဖြင့် အားလပ်ရပ်များကို အကျိုးရှိစွာ အသုံးချတက်စေရန်၊ အားကစားသင်တန်းများမှ ထူးချွန်သော အားကစားသမားများ ပေါ်ထွန်းလာစေရန်၊ နိုင်ငံတော်အားကစား အဆင့်အတန်းကို တိုးတက်မြင့်မားလာစေရန် ရည်ရွယ်ချက်ဖြင့် မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနမှ ဦးစီး၍ ယနေ့ နံနက် ၇ နာရီအချိန်၌ အမှတ် (၁) အခြေခံပညာ အထက်တန်းကျောင်း၌ စတင်ဖွင့်လှစ် သင်ကြားပေးခဲ့သည်။
(၁၀၂) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကျောင်းသား/ ကျောင်းသူများ စာဖတ်ရှိန်မြင့်မားရေး နယ်လှည့်စာကြည့်တိုက် ဖွင့်လှစ်
Nov 02,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ ပူးပေါင်း၍ (၁၀၂) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ကို ကြိုဆို ဂုဏ်ပြုသောအားဖြင့် လိပ်သိုမြို့ အခြေခံပညာအထက်တန်းကျောင်း၌ ကျောင်းသား/ ကျောင်းသူများ စာဖတ်ရှိန် မြင့်မားပြီး အသိပညာ တိုးပွားစေရေးအတွက် ယမန်နေ့နံနက် ၁၀ နာရီအချိန်က နယ်လှည့်စာကြည့်တိုက် ဖွင့်လှစ်ပေးခြင်း၊ အသိပညာပေး နံရံကပ်စာစောင်များ ခင်းကျင်းပြသပေးခြင်းတို့ကို ဆောင်ရွက်ခဲ့ကြသည်။
NEP-2 စီမံချက်ဖြင့် ကျွဲပွဲမြို့ဆွဲလဲချောင်းကျေးရွာအုပ်စု၊ ရွာမကျေးရွာ၌ 11KV ဓာတ်အားလိုင်း(၀ဒသမ၄၇)မိုင်နှင့် 11/0.4KV(100)KVA ထရန်စဖော်မာဖွင့်ပွဲအခမ်းအနားကျင်းပ
Nov 02,2022
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်၊ ကျွဲပွဲမြို့၊ ဆွဲလဲချောင်းကျေးရွာအုပ်စု၊ ရွာမကျေးရွာ၌ ကျေးလက်မီးလင်းရေး NEP-2 စီမံချက်ဖြင့် 11KV ဓာတ်အားလိုင်း၀ဒသမ၄၇မိုင်နှင့် 11/0.4KV 100KVA ထရန်စဖော်မာဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက အဆိုပါကျေးရွာ၌ ဖွင့်လှစ်ကြောင်းသိရသည်။
မိုင်းဖြတ်၌ နိုင်ငံစီးပွားမြှင့်တင်ရေးမတည်ရန်ပုံငွေဖြင့် အကောင်အထည်ဖော်ဆောင်ရွက်မည့် မွေးမြူရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး  လုပ်ငန်းညှိနှိုင်းဆွေးနွေး
Nov 02,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် နိုင်ငံစီးပွားမြှင့်တင်ရေးမတည် ရန်ပုံငွေဖြင့် မွေးမြူရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းကို အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ရာ  ယမန်​နေ့  နံနက် ၁၀နာရီက လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲကို   မိုင်းဖြတ်အုပ်စုကျေးရွာအုပ်ချုပ်ရေးမှူးရုံး၌ ကျင်းပပြုလုပ်ခဲ့သည်။
တနင်္သာရီတိုင်းဒေသကြီး ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီအစည်းအဝေးကျင်းပ
Nov 02,2022
 တနင်္သာရီတိုင်းဒေသကြီး ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီအစည်းအဝေးကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က ထားဝယ်မြို့၊ တိုင်းဒေသကြီးလူမှုဝန်ထမ်းရုံး၌ကျင်းပခဲ့သည်။