သတင်းများ

သီပေါမြို့နယ်တွင် မွေးကင်းစမှ အသက်(၁)နှစ်ခွဲအထိ ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးထိုး၊ ဆေးတိုက်ခြင်းများ ပြုလုပ်ဆောင်ရွက်         
Apr 02,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မိခင်နှင့် ကလေးကျန်းမာရေးဌာနတွင် ရပ်ကွက်နှင့် ကျေးရွာများရှိ မွေးကင်းစမှ အသက်(၁)နှစ်ခွဲ အထိ ကလေးငယ်များအား လစဉ်ပုံမှန်ကာကွယ်ဆေးများ ထိုးနှံ၊တိုက်ကျွေးခြင်း ယနေ့နံနက်(၉)နာရီ အချိန်က  ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ဘီးလင်း​မြို့နယ်တွင် ကျား/မအခြေပြု အကြမ်းဖက် (Gender based Violence) ကျန်းမာရေး စောင့်ရှောက်မှုဆိုင်ရာ အသိပညာပေး ဆွေးနွေးပွဲကျင်းပ
Apr 01,2022
သထုံခရိုင်၊ ဘီးလင်းမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၌ ကျား/မ အခြေပြု အကြမ်းဖက်(Gender based Violence) ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲကို ယနေ့နံနက် ၁၀ နာရီကကျင်းပခဲ့သည်။
ဟိုပုံးမြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများနှင့် အိမ်ထောင်စု လူဦးရေ စာရင်းများ ကွင်းဆင်းဆောင်ရွက်
Apr 01,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်‌ရေး ကတ်ပြားများကို ယနေ့နံနက် ၁၀ နာရီ အချိန်က တိလုံကျေးရွာအုပ်စုအတွင်းရှိ ပြည်သူများအား ကွင်းဆင်းဆောင်ရွက် ပေးခဲ့ကြကြောင်း သိရသည်။
“ပန်းခင်း”စီမံချက်ဖြင့် ဆောင်ရွက်သော နိုင်ငံသားစိစစ်ရေးကတ်ပြားများနှင့် အိမ်ထောင်စုလူဦးရေ စာရင်းများ ပေးအပ်ပွဲကျင်းပ
Apr 01,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ရတိုင်း၊ မက်မန်းခရိုင်၊မက်မန်းမြို့၌ လူဝင်မှု ကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား ဝန်ကြီးဌာနမှ “ပန်းခင်း”စီမံချက်ဖြင့် ဆောင်ရွက်ခဲ့သည့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စုလူဦးရေစာရင်းများကို ကျေးရွာနေ တိုင်းရင်းသား ပြည်သူများ ထံသို့ ယမန်နေ့ မွန်းလွဲ(၁)နာရီက ကွန်ဟောင်းကျေးရွာခန်းမဆောင်တွင် ပေးအပ်ခဲ့သည်။
ဟိုပုံးမြို့နယ်၌ ရှေးဦးပြုစုနည်း အခြေခံသင်တန်း ဆင်းပွဲကျင်းပ
Apr 01,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် ရှေးဦးပြုစုနည်း အခြေခံသင်တန်းဆင်းပွဲကို ယနေ့နံနက် ၁၀နာရီအချိန်က ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန လူထုအခြေပြုဗ ဟိုဌာန (Community Centre ) ခန်းမတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
ဥတ္တရခရိုင် ပြည်သူ့စာကြည့်တိုက်တွင် မီးခိုးမြူငွေ့အန္တရာယ် စုပေါင်းကာကွယ်ရေး အသိပညာပေး Talk Show ကျင်းပ
Apr 01,2022
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ ခရိုင်ပြည်သူ့စာကြည့်တိုက်တွင် ယနေ့မွန်းလွဲ(၂)နာရီက မီးခိုးမြူငွေ့အန္တရာယ် စုပေါင်း ကာကွယ်ရေး အသိပညာပေး Talk Show ဆောင်ရွက်ခဲ့သည်။
ရွှေကျင်မြို့နယ်တွင် စိုက်ပျိုးရေးဦးစီးဌာနမှ တောင်သူစိုက်ပျိုးနည်းပညာ သင်တန်းနှင့် EM ဘိုကာရှီ မြေဆွေးပုံ ပြုလုပ်သုံးစွဲနည်း လက်တွေ့သရုပ်ပြခြင်း ဆောင်ရွက်
Apr 01,2022
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ရွှေကျင်မြို့နယ်၊ အနောက်ဘက်ကျေးရွာ အုပ်ချုပ်ရေးမှူးရုံးတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနမှ တောင်သူ စိုက်ပျိုးနည်းပညာ သင်တန်းနှင့် EM ဘိုကာရှီမြေဆွေးပုံ ပြုလုပ်သုံးစွဲနည်း လက်တွေ့ သရုပ်ပြခြင်းကို ယနေ့ နံနက် ၉ နာရီအချိန်က ကျင်းပသည်။
သင်္ဃန်းကျွန်းမြို့နယ်၌ ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အင်္ဂလိပ်စာဘာသာရပ်ကို ကျောင်းသား ကျောင်းသူများ အေးချမ်းစွာဖြေဆို
Apr 01,2022
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ သင်္ဃန်းကျွန်းမြို့နယ်တွင် ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို ကျောင်းသား/ကျောင်းသူများမှ ယနေ့နံနက် (၉) နာရီ အချိန်ကစတင်၍ နေ့လည် ၁၂ နာရီထိ အင်္ဂလိပ်စာဘာသာရပ် အေးချမ်းစွာဖြေဆိုလျက်ရှိကြောင်း သိရသည်။