သတင်းများ

သနပ်ပင်မြို့နယ်အတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကုန်ထုတ်လုပ်မှု ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဒေသခံပြည်သူများနှင့် တွေ့ဆုံကာ ပညာပေးဆွေးနွေး
Apr 04,2022
ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်၏ လမ်းညွှန်မှုဖြင့် ပဲခူးခရိုင်၊ သနပ်ပင်မြို့နယ်အတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကုန်ထုတ်လုပ်မှု ဖွံ့ဖြိုးတိုးတက်ရေးကို ရည်ရွယ်ကာ ကျေးရွာများအရောက် ကွင်းဆင်း၍ ဒေသခံပြည်သူများနှင့် တွေ့ဆုံကာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကုန်ထုတ်လုပ်မှု ဖွံ့ဖြိုးတိုးတက်ရေး အသိပညာပေး ဆွေးနွေးပွဲကို ယမန်နေ့က စွန်ပိကျေးရွာနှင့် ဖရဲကျေးရွာတို့၌ ပြုလုပ်ခဲ့သည်။
သိန္နီမြို့တွင် တရားမဝင် စက်ဆီ၊ ချောဆီများ စျေးကွက်အတွင်း ဖြန့်ဖြူးရောင်းချမှု မရှိစေရေး လိုက်လံစစ်ဆေးခြင်းများ ဆောင်ရွက်
Apr 04,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊လားရှိုးခရိုင်၊ သိန္နီမြို့နယ်အတွင်းရှိ စက်သုံးဆီဆိုင်များနှင့် စက်ဆီ၊ ချောဆီအရောင်းဆိုင် များတွင် တရားမဝင် စက်ဆီ၊ ချောဆီများ စျေးကွက်အတွင်း ဖြန့်ဖြူး ရောင်းချမှု ရှိ/မရှိ လိုက်လံစစ်ဆေးခြင်းကို ယနေ့ နံနက် ၁၀ နာရီအချိန်က မြို့နယ် အထွေထွေအုပ်ချုပ်ရေးဉီးစီးဌာနက ဦးဆောင်၍ စားသုံးသူရေးရာဉီးစီးဌာနက ဝန်ထမ်း များနှင့် ပူးပေါင်းစစ်ဆေးရေးအဖွဲ့များက မြို့နယ်အတွင်းရှိ စက်သုံးဆီဆိုင်များနှင့် စက်ဆီ၊ ချောဆီအရောင်းဆိုင်များသို့ သွားရောက် စစ်ဆေးခဲ့သည်။
ရခိုင်ပြည်နယ် မောင်တောမြို့၌ တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဓာတုဗေဒဘာသာရပ်အား ကျောင်းသား/သူများဖြေဆို
Apr 04,2022
ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၌ ၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲအား စာစစ်ဌာန သုံးခု ဖွင့်လှစ်၍ နံနက် ၉ နာရီ အချိန်မှ မွန်းတည် ၁၂ နာရီ အချိန်ထိ ကျင်းပလျက်ရှိရာ ယနေ့ နံနက်ပိုင်းက ဓာတုဗေဒဘာသာရပ်အား ကျောင်းသား/သူများ အေးချမ်းစွာ ဖြေဆိုလျက်ရှိသည်။
ရေဦးစာစစ်ဌာနတွင် တက္ကသိုလ်၀င်စာမေးပွဲ ဓါတု‌‌ဗေဒဘာသာရပ် ဖြေဆို
Apr 04,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင် ရေဦးမြို့တွင် ၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ် ဝင်တန်း စာမေးပွဲ စတုတ္ထရက် ဓါတုဗေဒဘာသာရပ်ကို ဧပြီ ၄ ရက် နံနက် ၉ နာရီက အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း (ရေဦး) စာစစ်ဌာနတွင် ဆက်လက်ကျင်းပခဲ့ရာ ကျောင်းသားများ စိတ်အေးချမ်းစွာ ဖြေဆိုနိုင်ခဲ့ကြောင်း သိရသည်။
တိုက်ကြီးမြို့နယ်တွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဓာတုဗေဒဘာသာရပ်အား ကျောင်းသား၊ ကျောင်းသူ (၁၂၄၄)ဉီး ဝင်ရောက်ဖြေဆို
Apr 04,2022
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင် တိုက်ကြီးမြို့နယ်တွင် ၂၀၂၂ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲ ဓာတုဗေဒဘာသာ ရပ် အား ယနေ့၌ ဖြေဆိုရာတွင် ကျောင်းသားကျောင်းသူ ( ၁၂၄၄) ဉီး ဝင်ရောက်ဖြေဆိုကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
သနပ်ပင်မြို့နယ်၌ နွေရာသီအခြေခံအားကစား သင်တန်းဆင်းပွဲကျင်းပ
Apr 04,2022
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနမှ လူငယ်လူရွယ်များအနေဖြင့် အခြေခံအားကစားနည်းစနစ်များအား သိရှိတတ်မြောက်စေရန်နှင့် ထူးချွန်ထက်မြက်ပြီး အရည်အသွေးတိုးတက် ကောင်းမွန်သော အားကစားသမားကောင်းများ ပေါ်ထွက်လာစေရန် ရည်ရွယ်၍ ယနေ့ နံနက်ပိုင်းက သနပ်ပင်မြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာန မြို့နယ်အားကစားကွင်း၌ ပြုလုပ်ခဲ့သည်။
တောင်တွင်းကြီးမြို့နယ်၌ ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဓာတုဗေဒဘာသာရပ် စတုတ္ထနေ့ ဖြေဆို
Apr 04,2022
မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်တွင် ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဓာတုဗေဒဘာသာရပ်ကို ယနေ့ နံနက် ၉ နာရီမှ ၁၂ နာရီအထိ အခြေခံပညာ စာစစ်ဌာန(၄) ခုတွင် စတုတ္ထနေ့ဆက်လက်ဖြေဆိုခဲ့ရာ ကျောင်းသား၊ ကျောင်းသူများ အေးချမ်းပျော်ရွှင်စွာ ဝင်ရောက်ဖြေဆိုလျက်ရှိကြောင်း မြို့နယ်ပညာရေးမှူး ဒေါ်လှလှဝင်းထံမှ သိရသည်။
ကျိုက်ထိုမြို့တွင် စတုထ္တနေ့ ဓါတုဗေဒဘာသာရပ်အား    ကျောင်းသား /သူများ ဆက်လက် ဝင်ရောက်ဖြေဆို
Apr 04,2022
၂၀၂၁-၂၂ ခုနှစ်  ပညာသင်နှစ် တက္ကသိုလ် ဝင်တန်း စာမေးပွဲကို  မတ်လ (၃၁)  ရက်နေ့ မှစတင်  ဖြေဆိုလျက်  ရှိရာ ယနေ့  နံနက်တွင် မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်ရှိ အခြေခံပညာ အထက် တန်းကျောင်း စာစစ်ဌာနများတွင် စတုထ္တနေ့အဖြစ် ဓါတုဗေဒဘာသာရပ်အား  ကျောင်းသား/ သူများက အေးချမ်းစွာ ဆက်လက် ဝင်ရောက်ဖြေဆိုလျက်ရှိကြောင်း သိရှိရသည်။