သိန္နီမြို့တွင် တရားမဝင် စက်ဆီ၊ ချောဆီများ စျေးကွက်အတွင်း ဖြန့်ဖြူးရောင်းချမှု မရှိစေရေး လိုက်လံစစ်ဆေးခြင်းများ ဆောင်ရွက်

သိန္နီ ဧပြီ ၄

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊လားရှိုးခရိုင်၊ သိန္နီမြို့နယ်အတွင်းရှိ စက်သုံးဆီဆိုင်များနှင့် စက်ဆီ၊ ချောဆီအရောင်းဆိုင် များတွင် တရားမဝင် စက်ဆီ၊ ချောဆီများ စျေးကွက်အတွင်း ဖြန့်ဖြူး ရောင်းချမှု ရှိ/မရှိ လိုက်လံစစ်ဆေးခြင်းကို ယနေ့ နံနက် ၁၀ နာရီအချိန်က မြို့နယ် အထွေထွေအုပ်ချုပ်ရေးဉီးစီးဌာနက ဦးဆောင်၍ စားသုံးသူရေးရာဉီးစီးဌာနက ဝန်ထမ်း များနှင့် ပူးပေါင်းစစ်ဆေးရေးအဖွဲ့များက မြို့နယ်အတွင်းရှိ စက်သုံးဆီဆိုင်များနှင့် စက်ဆီ၊ ချောဆီအရောင်းဆိုင်များသို့ သွားရောက် စစ်ဆေးခဲ့သည်။

ထို့သို့ စစ်ဆေးရာတွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ဝန်ထမ်းများ၊ စာသုံးသူရေးရာဦးစီးဌာနက ဝန်ထမ်းများ၊ ပြည်တွင်းအခွန်ဦးစီးဌာနက ဝန်ထမ်းများနှင့် စည်ပင်သာယာရေးဦးစီးဌာနက ဝန်ထမ်းများသည် မြို့နယ်အတွင်းရှိ စိန်နဂါး စက်သုံးဆီအရောင်းဆိုင်၊ မြို့ဦးစက်သုံးဆီ အရောင်းဆိုင်၊ ထိုင်းလင်း စက်ဆီ၊ ချောဆီ အရောင်းဆိုင်၊  ပန်းကမ္ဘာ စက်သုံးဆီအရောင်းဆိုင်၊ နိုင်းနိုင်း စက်သုံးဆီအရောင်းဆိုင်၊ ဗွီဂိုး စက်သုံးဆီအရောင်းဆိုင်တို့အား စျေးကွက်အတွင်း စက်ဆီ၊ ချောဆီနှင့် ဆက်စပ်ရေနံထွက်ပစ္စည်းများ တင်သွင်းခြင်း၊ ထုတ်လုပ်ဖြန့်ဖြူးရောင်းချခြင်းတို့နှင့် စပ်လျဉ်း၍ အတုပြုလုပ်ခြင်း၊ တရားမဝင် ဖြန့်ဖြူးရောင်းချခြင်း၊ တရားမဝင်လုပ်ငန်းလိုင်စင်ရယူ၍ ဆောင်ရွက်ခြင်းရှိ/မရှိကို လိုက်လံ စစ်ဆေးခြင်းဖြစ်သည်။

မြို့နယ်အတွင်း တရားမဝင် စက်ဆီ၊ ချောဆီများ စျေးကွက်အတွင်း ဖြန့်ဖြူရောင်းချမှု မရှိစေရေးနှင့် ရောင်းချသည့် ကုန်ပစ္စည်းများ၏ အမှတ်တံဆိပ်များကို စားသုံးသူများသိရှိနိုင်ရေး မြန်မာဘာသာ ပြန်ဆိုရေး သားထားခြင်းရှိ/ မရှိကို လည်း လိုက်လံစစ်ဆေးခဲ့ကြောင်း စားသုံးသူရေးရာဦးစီးဌာန ဒေါ်ဖြိုးသဇင် (ဒုတိယ ဦးစီးမှူး)ထံမှ သိရသည်။

 စောဥမ္မာ(သိန္နီ)