ကျိုက်ထိုမြို့တွင် စတုထ္တနေ့ ဓါတုဗေဒဘာသာရပ်အား    ကျောင်းသား /သူများ ဆက်လက် ဝင်ရောက်ဖြေဆို

ကျိုက်ထို ဧပြီလ  ၄ရက်

၂၀၂၁-၂၂ ခုနှစ်  ပညာသင်နှစ် တက္ကသိုလ် ဝင်တန်း စာမေးပွဲကို  မတ်လ (၃၁)  ရက်နေ့ မှစတင်  ဖြေဆိုလျက်  ရှိရာ ယနေ့  နံနက်တွင် မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်ရှိ အခြေခံပညာ အထက်တန်းကျောင်း စာစစ်ဌာနများတွင် စတုထ္တနေ့အဖြစ် ဓါတုဗေဒဘာသာရပ်အား  ကျောင်းသား/သူများက အေးချမ်းစွာ ဆက်လက် ဝင်ရောက်ဖြေဆိုလျက်ရှိကြောင်း သိရှိရသည်။

ကျိုက်ထိုမြို့နယ် အနေဖြင့် ယခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲသို့ သိပ္ပံဘာသာတွဲ ဝင်ရောက်ဖြေဆိုရန် စာရင်းပေးသွင်းထား သူ(၉၇၂)ဦးရှိပြီး စတုတ္တနေ့ ဓါတုဗေဒဘာသာရပ် အားဝင်ရောက်ဖြေဆိုသူ (၈၉၄)ဦး ရှိသည့်အတွက် ဖြေဆိုရာခိုင်နှုန်းမှာ (၉၁.၉၈)ရာခိုင်နှုန်း ရှိကြောင်း မြို့နယ်ပညာရေးမှူး ရုံးတာ၀န်  ရှိသူထံမှသိရှိရသည်။

ကျောင်းသား/သူများ   စိတ်အေးချမ်းစွာ ဖြေဆိုနိုင်ရေးအတွက် သက်ဆိုင်ရာ    ပူးပေါင်းအဖွဲ့ များက ကျောင်းအတွင်း/အပြင်   လုံခြုံရေးများထားရှိကာ  ကူညီဆောင်ရွက် ပေးလျှက် ရှိကြောင်း သိရှိရသည်။

၀င်းမောင်(ကျိုက်ထို)