ရခိုင်ပြည်နယ် မောင်တောမြို့၌ တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဓာတုဗေဒဘာသာရပ်အား ကျောင်းသား/သူများဖြေဆို

မောင်တော ဧပြီ ၄

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၌ ၂၀၂၁-၂၀၂၂ ပညာသင်နှစ်  တက္ကသိုလ်ဝင်စာမေးပွဲအား စာစစ်ဌာန သုံးခု ဖွင့်လှစ်၍ နံနက် ၉ နာရီ အချိန်မှ မွန်းတည် ၁၂ နာရီ အချိန်ထိ ကျင်းပလျက်ရှိရာ ယနေ့ နံနက်ပိုင်းက ဓာတုဗေဒဘာသာရပ်အား ကျောင်းသား/သူများ အေးချမ်းစွာ ဖြေဆိုလျက်ရှိသည်။

ယင်းသို့ ဖြေဆိုရာတွင် မောင်တောမြို့၌ အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း၊ အမှတ်(၂) အခြေခံပညာ အထက်တန်းကျောင်းနှင့် တောင်ပြိုလက်ဝဲ စာစစ်ဌာန သုံးခုတွင် ဖြေဆိုရန် စာရင်းရှိ ကျောင်းသား/သူ ဦးရေ (၁၂၂၉)ဦး ရှိသည့် အနက် ဓာတုဗေဒ ဘာသာရပ်အား ဝင်ရောက်ဖြေဆိုသူပေါင်း ကျား(၇၄၁)ဦး နှင့် မ(၃၄၆)ဦး ပေါင်း(၁၀၈၇) ဦးရှိပြီး ဖြေဆိုမှု ပျက်ကွက်သူ ကျား (၁၁၈) ဦး၊ မ  (၂၄)ဦးပေါင်း (၁၄၂)ဦး ဖြေဆိုရန်ပျက်ကွက်ခဲ့ကြသဖြင့် ဖြေဆိုမှု ရာခိုင်နှုန်းမှာ (၈၈.၄၅) ဖြစ်ရာ ပျက်ကွက် ရာခိုင်နှုန်းမှာ (၁၁.၅၅)ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။  တက္ကသိုလ်ဝင် စာမေးပွဲဖြေဆိုနေကြသည့် ကျောင်းသား/သူများ စိတ်အေးချမ်းသာစွာ ဖြေဆိုနိုင်ရေးအတွက် သက်ဆိုင် ရာ ဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့များက ကျောင်းအတွင်း/အပြင် လုံခြုံရေးများ ထားရှိကာ ကူညီ ဆောင်ရွက်ပေးလျက် ရှိကြောင်းသိရသည်။

သက်လွင်စိုး(ပြန်/ဆက်)