သနပ်ပင် ဧပြီ ၄
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနမှ လူငယ်လူရွယ်များအနေဖြင့် အခြေခံအားကစားနည်းစနစ်များအား သိရှိတတ်မြောက်စေရန်နှင့် ထူးချွန်ထက်မြက်ပြီး အရည်အသွေးတိုးတက် ကောင်းမွန်သော အားကစားသမားကောင်းများ ပေါ်ထွက်လာစေရန် ရည်ရွယ်၍ ယနေ့ နံနက်ပိုင်းက သနပ်ပင်မြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာန မြို့နယ်အားကစားကွင်း၌ ပြုလုပ်ခဲ့သည်။
အဆိုပါအားကစားပြိုင်ပွဲများတွင်သင်တန်းသား၊ သင်တန်းသူများအား ဘောလုံး၊ ဖူဆယ်၊ ပြေးခုံပစ်၊ ပိုက်ကျော်ခြင်း၊ ဘောလီဘော အားကစားပြိုင်ပွဲများအား သင်တန်းပေးခဲ့ကြသည်။
ဆက်လက်၍ သနပ်ပင်မြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနမှ မြို့နယ်ဦးစီးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့မိမြို့ဖများက အားကစားနည်းပြဆရာများ၊ သင်တန်းသူ/ သင်တန်းသားများအား အမှတ်တရသင်တန်းဆင်းလက်မှတ်များ ပေးအပ်ခဲ့ကြသည်။
အဆိုပါနွေရာသီအခြေခံအားကစားသင်တန်းကို မတ်လ ၂၁ ရက်မှ ဧပြီ ၄ ရက်နေ့ အထိ အားကစားနည်း (၅)မျိုးဖြင့် အခြေခံအားကစားနည်းစနစ်များ မှန်ကန်မြန်ဆန်စေရန် သင်ကြားပေးခဲ့ရာ သင်တန်းသား၊ သင်တန်းသူ(၆၅)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
လှမိုး(ပြန်/ဆက်)