ရေဦးစာစစ်ဌာနတွင် တက္ကသိုလ်၀င်စာမေးပွဲ ဓါတု‌‌ဗေဒဘာသာရပ် ဖြေဆို

ရေဦး ဧပြီ ၄

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင် ရေဦးမြို့တွင် ၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ် ဝင်တန်း စာမေးပွဲ စတုတ္ထရက် ဓါတုဗေဒဘာသာရပ်ကို ဧပြီ ၄ ရက် နံနက် ၉ နာရီက  အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း (ရေဦး) စာစစ်ဌာနတွင် ဆက်လက်ကျင်းပခဲ့ရာ ကျောင်းသားများ စိတ်အေးချမ်းစွာ ဖြေဆိုနိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါစာမေးပွဲသို့ ဖြေဆိုကျောင်းသား ၁၀၂ ဦး၊ ပျက်ကွက်ကျောင်းသား ၅၀ ဦးရှိကြောင်း မြို့နယ်ပညာရေးမှုးရုံး စာမေးပွဲဖြေဆိုပျက်ကွက်မှုစာရင်းအရ သိရသည်။

တက္ကသိုလ်ဝင်စာမေးပွဲကို ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာဖြေဆိုနိုင်ရန်အတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းနိုင်ထွန်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်လုံခြုံရေးတပ်ဖွဲ့၊ စာစစ်ဌာနမှ တာဝန်ရှိသူများက ကြီးကြပ်ဆောင်ရွက်လျက်ရှိပြီး ကျန်းမာရေးဦးစီးဌာနမှလည်း ကျောင်းသားများအတွက် ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ရေး စီစဉ်ဆောင်ရွက်ထားကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)