မိုင်းယောင်းမြို့နယ်တွင် ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံရေး အသိပညာပေးဆော်သြ
Apr 04,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် အသက်ရှူလမ်းကြောင်းဆိုင်ရာ ဆော်သြအသိပညာပေးရေးအဖွဲ့မှ ယနေ့တွင် မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာများ၌ ကိုဗစ်-၁၉ အသိပညာပေး လုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။