သတင်းများ

ဇလွန်မြို့နယ်တွင် ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ရူပဗေဒဘာသာရပ်ကို ( ၉၄.၁၆) ရာခိုင်နှုန်း ဝင်ရောက်ဖြေဆို
Apr 05,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ်တွင် ၂၀၂၂ ခုနှစ်၊ တက္ကသိုလ်ဝင် စာမေးပွဲကို  မတ်လ ၃၁ ရက်နေ့မှ စတင်၍ ဖြေဆိုလျက်ရှိရာ ယနေ့နံနက် ၉ နာရီအချိန်တွင်ရူပ ဗေဒဘာသာရပ်ကို စာစစ်ဌာန(၁၁)ခု တို့တွင် အေးချမ်းစွာဖြေဆိုလျက်ရှိသည်။
မိုးကောင်းမြို့ Community Centre ၌မူကြိုရင်သွေးငယ်များအား ဆေးရောင်ခြယ်ပြိုင်ပွဲကျင်းပ
Apr 05,2022
မူကြိုရင်သွေးငယ်များအား ဉာဏစွမ်းရည်ထက်မြက်စေရန်ရည်ရွယ်၍ ဆေးရောင်ခြယ် ပြိုင်ပွဲကို မိုးကောင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ၌ ယနေ့ နံနက်(၁၀)နာရီတွင် ကျင်းပခဲ့ကြောင်း သိရသည်။
မိုးညှင်းမြို့နယ် စာရေးဆရာအသင်းနာယကအဖွဲ့ဝင်တစ်ဦးမှ ခရိုင်ပြည်သူ့စာကြည့်တိုက်သို့ ရှားပါး စာအုပ်များ လာ‌ရောက်လှူဒါန်း
Apr 05,2022
ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းမြို့နယ်စာရေးဆရာအသင်း နာယကအဖွဲ့ဝင်ဖြစ်သည့် ဦးအေးဆွေ(မင်းယု‌ဆွေ)က ခရိုင်ပြည်သူ့စာကြည့်တိုက်သို့ ရှားပါးစာအုပ်များ လာ‌ရောက်လှူဒါန်းခြင်း အခမ်းအနားကို ဧပြီလ(၄)ရက် မွန်းလွဲ(၃)နာရီက လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမ၌ ကျင်းပခဲ့သည်။
ကျောင်းကုန်းမြို့တွင် တက္ကသိုလ်ဝင်စာမေးပွဲ ရူပဗေဒဘာသာ ဆက်လက်ဖြေဆို
Apr 05,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကျောင်းကုန်းမြို့နယ်၊ အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း၌ ကျောင်းသားကျောင်းသူများ တက္ကသိုလ်ဝင်စာမေးပွဲ ရူပဗေဒဘာသာကို ယနေ့နံနက် ၉ နာရီအချိန် အေးချမ်းစွာ ဆက်လက်ဖြေဆိုခဲ့ကြသည်။
ကျုံပျော်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပြီးသူ (၁)သိန်း(၄)သောင်းကျော်ရှိပြီး၊ ကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေးလျှက်ရှိ
Apr 05,2022
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်နိုင်ရေးအတွက် ကာကွယ်ဆေးများ ထိုးနှံပေးလျှက်ရှိရာ ဧပြီ ၄ ရက်နေ့အထိ ကာကွယ်ဆေးထိုးနှံပြီးသူဦးရေ (၁) သိန်း(၄)သောင်းကျော်ရှိပြီး၊  သတ်မှတ်ဆေးထိုးစုရပ်များ၌ ကာကွယ်ဆေးများလည်း ဆက်လက် ထိုးနှံပေးလျှက်ရှိကြောင်း သိရသည်။
လှိုင်မြို့နယ်တွင် နွေရာသီအခြေခံအေရိုးဗစ်သင်တန်း ဒုတိယနေ့ဆက်လက်ကျင်းပ
Apr 05,2022
ရန်ကုန်တိုင်းဒေသကြီး၊ အနောက်ပိုင်းခရိုင်၊ လှိုင်မြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် ပညာရေးဦးစီးဌာနတို့ ပူးပေါင်း၍ နွေရာသီအခြေခံ အေရိုးဗစ်သင်တန်းကို မြို့နယ် (Community Centre )ခန်းမ၌ ဖွင့်လှစ်လျက် ရှိကြောင်းသိရသည်။
ကလောမြို့နယ်၌ တက္ကသိုလ်ဝင်စာမေးပွဲရူပဗေဒဘာသာရပ်ကို ကျောင်းသား၊ ကျောင်းသူ(၁၂၆၄)ဦး ဖြေဆို
Apr 05,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)တောင်ကြီးခရိုင်၊ ကလောမြို့နယ်တွင်၂၀၂၂ ခုနှစ်တက္ကသိုလ်ဝင် စာမေးပွဲ ရူပဗေဒဘာသာရပ်ကို ယနေ့နံနက် ၉ နာရီက စတင်ကျင်းပရာ ကလောမြို့နယ်ရှိ စာစစ်ဌာန ၆ ခုမှ ကျောင်းသား၊ ကျောင်းသူ (၁၃၆၈)ဦးစာရင်းပေးသွင်းထားပြီး (၁၂၆၄)ဦး ဝင်ရောက်ဖြေဆိုကြောင်း သိရသည်။
ကျိုင်းတုံခရိုင်အားကစားနှင့် ကာယပညာကော်မတီဥက္ကဋ္ဌဖလား အသက်(၂၅)နှစ်အောက် အမျိုးသား ဖူဆယ် ဘောလုံးပြိုင်ပွဲ ဆုချီးမြှင့်ပွဲကျင်းပ
Apr 05,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင် အားကစားနှင့်ကာယပညာကော်မတီဥက္ကဋ္ဌ ဖလား အသက်(၂၅)နှစ်အောက် အမျိုးသား ဖူဆယ် ဘောလုံးပြိုင်ပွဲ ဆုချီးမြှင့်ပွဲကို ယမန်နေ့ ကျိုင်းတုံမြို့၊ လေ့ကျင့်ရေးအားကစားရုံ၌ ကျင်းပသည်။