သီပေါမြို့နယ်တွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပေးနှိုးဆော်ခြင်းများဆောင်ရွက်
Apr 05,2022
ပွင့်လင်းရာသီသို့ ကူးပြောင်းရောက်ရှိလာပြီဖြစ်သဖြင့် မီးလောင်မှုများ ၊ မီးလန့်မှုများ မဖြစ်ပွားစေရန်အတွက် ရှမ်းပြည်နယ် ( မြောက်ပိုင်း ) ၊ ကျောက်မဲခရိုင် ၊ သီပေါမြို့နယ် မီးသတ်ဦးစီးဌာနမှ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပေးနှိုးဆော်ခြင်း လုပ်ငန်းများကို ယမန်နေ့မွန်းလွဲ ၂ နာရီခွဲ အချိန်က မြို့ပေါ်ရပ်ကွက်များနှင့် အနီးအနားကျေးရွာများသို့ အသံချဲ့စက်ဖြင့် လှည့်လည်အသိပေး နှိုးဆော်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။