တောင်တွင်းကြီး ဧပြီ ၄
မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်တွင် ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဓာတုဗေဒဘာသာရပ်ကို ယနေ့ နံနက် ၉ နာရီမှ ၁၂ နာရီအထိ အခြေခံပညာ စာစစ်ဌာန(၄) ခုတွင် စတုတ္ထနေ့ဆက်လက်ဖြေဆိုခဲ့ရာ ကျောင်းသား၊ ကျောင်းသူများ အေးချမ်းပျော်ရွှင်စွာ ဝင်ရောက်ဖြေဆိုလျက်ရှိကြောင်း မြို့နယ်ပညာရေးမှူး ဒေါ်လှလှဝင်းထံမှ သိရသည်။
တောင်တွင်းကြီးမြို့နယ်တွင် ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စားမေးပွဲ ဝင်ရောက်ဖြေဆိုရန် လျှောက်ထားသည့် ကျောင်းသား၊ ကျောင်းသူဦးရေမှာ ကျား ၆၂၁ ဦး၊ မ ၈၇၇ ဦး၊ စုစုပေါင်း ကျောင်းသားကျောင်းသူ ၁၄၉၈ ဦးရှိကြောင်းနှင့် ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းသာစွာ ဝင်ရောက်ဖြေဆိုနိုင်ရေးအတွက် စာစစ်ဌာန (၄)ခု စီစဉ်ဆောင်ရွက်ထားရှိ ၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မြို့နယ် မီးသတ်တပ်ဖွဲ့ဝင်များ၊ နယ်မြေလုံခြုံရေးတပ်ဖွဲ့ဝင်များက ကွင်းဆင်းကြီးကြပ်၍ လုံခြုံရေး ကိစ္စများနှင့် ယာဉ်အန္တရာယ် ကင်းရှင်းရေးလုပ်ငန်းများကို ကူညီဖြည့်ဆည်း ဆောင်ရွက်ပေး လျက်ရှိကြောင်း သိရသည်။
၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအား မတ်လ ၃၁ ရက်နေ့မှ ဧပြီလ ၉ ရက်နေ့အထိ နိုင်ငံတစ်ဝန်း အခြေခံပညာ စာစစ်ဌာနကျောင်းများတွင် တစ်ပြိုင်နက်တည်း ဖြေဆိုကျင်းပမည် ဖြစ်ပြီး မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်တွင် ယနေ့တက္ကသိုလ်ဝင်စာမေးပွဲ ဓာတုဗေဒဘာသာရပ်အား စတုတ္ထနေ့ကျင်းပရာ အခြေခံပညာစာစစ်ဌာန(၄)ခုတွင် ဝင်ရောက် ဖြေဆိုသူ ကျား(၅၅၅) ဦး၊ မ(၈၁၃)ဦး၊ စုစုပေါင်း ကျောင်းသားကျောင်းသူ(၁၃၆၈)ဦး ဝင်ရောက် ဖြေဆိုခဲ့ကြပြီး ဖြေဆိုရန်ပျက်ကွက်သူဦးရေ ကျား(၆၆) ဦး၊ မ(၆၄)ဦး၊ စုစုပေါင်း ကျောင်းသား၊ ကျောင်းသူ(၁၃၀)ဦး ဖြေဆိုရန် ပျက်ကွက်ခဲ့ကြောင်း သိရသည်။
နိုင်ဝင်း (ပြန်/ဆက်)