သတင်းများ

မိုင်းဆတ်မြို့၌ စိုက်ပျိုးရေးဦးစီးဌာနဝန်ထမ်းများ စွမ်းဆောင်ရည်မြှင့်သင်တန်းဖွင့်လှစ်
Apr 06,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်မြို့၌ စိုက်ပျိုးရေးဦးစီးဌာနဝန်ထမ်းများ စွမ်းဆောင်ရည်မြှင့် သင်တန်းကို ခရိုင်စိုက်ပျိုးရေးဦးစီးဌာနရုံးတွင် ယနေ့နံနက်(၉)နာရီက ဖွင့်လှစ်ခဲ့ကြောင်းသိရသည်။
ပေါင်းတည်မြို့၌ ၂၀၂၂ခုနှစ် နွေရာသီ အခြေခံအားကစားသင်တန်းဆင်းပွဲ ကျင်းပပြုလုပ်
Apr 06,2022
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနမှ လူငယ်များအနေဖြင့် အခြေခံအားကစားနည်း စနစ်များအား သိရှိတတ်မြောက်စေရန်နှင့် ထူးချွန်ထက်မြက်ပြီး အရည်အသွေး တိုးတက်ကောင်းမွန်သော အားကစားသမားကောင်းများ ပေါ်ထွက်လာစေရန်ရည်ရွယ်၍ ဖွင့်လှစ်သော ပေါင်းတည်မြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာန၏ ၂၀၂၂ခုနှစ် နွေရာသီအခြေခံ အားကစားသင်တန်း ဆင်းပွဲကို ယမန်နေ့ညနေ၃ နာရီခွဲက မြို့နယ်ဘောလုံးအားကစားကွင်း၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
နတ်မောက်မြို့နယ်၌ နွေရာသီ မြန်မာစာ စာစီစာကုံးရေးနည်း အခြေခံသင်တန်း အခမဲ့ဖွင့်လှစ်
Apr 06,2022
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ လူထုအခြေပြု ဗဟိုဌာန (Community Centre)၌ အလယ်တန်း၊ အထက်တန်း ကျောင်းသား၊ ကျောင်းသူများအား နွေရာသီ မြန်မာစာ စာစီစာကုံးရေးနည်း အခြေခံသင်တန်းကို ယနေ့နံနက် (၉) နာရီ အချိန်ခန့်က ဘက်စုံသုံးခန်းမတွင် ဖွင့်ပွဲအခမ်းအနား ကျင်းပခဲ့သည်။
ပေါင်းတည်မြို့နယ်၌ မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး ဒုတိယအကြိမ် လုပ်ငန်း ညှိနှိုင်းဆွေးနွေး
Apr 06,2022
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ်အတွင်း မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်ကို စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး ဒုတိယအကြိမ် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့နေ့လယ်၂နာရီခွဲအချိန်က မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံးခန်းမတွင် ကျင်းပခဲ့​ကြောင်း သိရသည်။
မယ်စဲ့မြို့နယ်တွင် ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဇီဝဗေဒနှင့် ဘောဂဗေဒဘာသာရပ် ဆက်လက်ဖြေဆိုလျက်ရှိ
Apr 06,2022
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ်တွင် ၂၀၂၁-၂၀၂၂  ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲကို မတ် ၃၁ ရက်နေ့မှ စတင်ကျင်းပလျက်ရှိရာ ယနေ့နံနက် ၉ နာရီတွင် ဇီဝဗေဒနှင့် ဘောဂဗေဒဘာသာရပ်တို့ကို အ.ထ.က(မယ်စဲ့) စာစစ်ဌာန၌ ဆက်လက်ဖြေဆိုလျက်ရှိကြောင်း သိရသည်။
မင်္ဂလာဒုံမြို့နယ်တွင် နို့စားနွားကောင်ရေများတိုးပွားစေရေး Unit Plan အခြေပြု နွားမေထုန်မဲ့ သားစပ်နည်းများကို သင်ကြားပို့ချပေး
Apr 06,2022
ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ နို့စားနွားမွေးမြူရေး လုပ်ငန်းအောင်မြင်စေရန်နှင့် နို့စားနွားကောင်ရေများ တိုးပွားလာနိုင်စေရန် အတွက် မြို့နယ်အတွင်း ဆောင်ရွက်လျက်ရှိပြီး မွေးမြူရေးလုပ်ငန်းများ ပိုမိုအောင်မြင်စေရန်အတွက်လည်း ကျေးရွာနေပြည်သူများအား Unit Plan အခြေပြု နွားမေထုန်မဲ့ သားစပ်နည်းများကို သင်ကြားပို့ချပေးလျက်ရှိကြောင်း အဆိုပါဦးစီးဌာနမှသိရသည်။
မိုင်းဆတ်မြို့၌ စိုက်ပျိုးရေးမြှင့်တင်မှုသင်တန်းဆင်းပွဲ ကျင်းပ
Apr 06,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းဆတ်မြို့၌ စိုက်ပျိုးရေးမြှင့်တင်မှုသင်တန်းဆင်းပွဲကို ယမန်နေ့နံနက်ပိုင်းက နားကောကျေးရွာ ဘုရားရှိခိုးကျောင်းတွင် ကျင်းပခဲ့ကြောင်း သိရသည်။
ပီတိပညာရေးပရဟိတမှ အငြိမ်းစားယူထားသည့် ပညာရေး(ငြိမ်း) ဝန်ထမ်းအား ထောက်ပံ့ငွေပေးအပ်
Apr 06,2022
မကွေးတိုင်းဒေသကြီး သရက်မြို့တွင် အငြိမ်းစားယူထားသည့် ပညာရေး(ငြိမ်း)ဝန်ထမ်း ဦးမြင့်အောင်အား ပီတိပညာရေး ပရဟိတမှ ထောက်ပံ့ငွေပေးအပ်ခြင်း အခမ်းအနားကို ယနေ့ နံနက် ၈ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ခရိုင်ပြည်သူ့စာကြည့်တိုက် Community Centre ခန်းမ၌ ကျင်းပခဲ့သည်။