ဗဟန်းမြို့နယ်၌ ၂၀၂၂ ခုနှစ်တက္ကသိုလ်ဝင်စာမေးပွဲ ဓါတုဗေဒဘာသာရပ်အား ကျောင်းသား ကျောင်သူများ အေးချမ်းစွာဖြေဆို
Apr 04,2022
၂၀၂၁-၂၀၂၂ ပညာသင်နှစ်တက္ကသိုလ်ဝင်စာမေးပွဲကို မြန်မာတစ်နိုင်ငံလုံးတွင် တိုင်ဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ အခြေခံပညာအထက်တန်းကျောင်းများ၌ ကျင်းပလျက်ရှိရာ ယနေ့နံနက်၉ နာရီမှ ၁၂ နာရီအထိ၊ စတုတ္ထနေ့အဖြစ် ဓါတုဗေဒဘာသာရပ်ကို ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အနောက်ပိုင်းခရိုင်၊ ဗဟန်းမြို့နယ်အတွင်းရှိ ၂၀၂၂ခုနှစ်တက္ကသိုလ်ဝင်စာမေးပွဲကို ကျောင်းတွင်း၊ ကျောင်းပြင်ဖြေဆိုသူ ကျောင်းသား၊ ကျောင်းသူများသည် အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၌ ဖြေဆိုရာတွင် ကျောင်းသား(၂၅၅)ဦး၊ ကျောင်းသူ(၂၈၆)ဦး စုစုပေါင်း(၅၄၁)ဦး ဝင်ရောက်ဖြေဆိုခဲ့ကြောင်း သိရသည်၊၊