သတင်းများ

ရခိုင်ပြည်နယ် မောင်တောမြို့၌ အမှတ်(၂) အခြေခံပညာ အထက်တန်းကျောင်းတွင် (၃၂)ကြိမ်မြောက် မဟာဘုံကထိန်သင်္ကန်း ဆက်ကပ်လှူဒါန်း
Nov 02,2022
ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ မောင်တောမြို့၌ အမှတ်(၂) အခြေခံပညာ အထက်တန်းကျောင်းတွင် (၃၂)ကြိမ်မြောက် မဟာဘုံကထိန် သင်္ကန်းဆက်ကပ်လှူဒါန်း ယနေ့နံနက် ၉ နာရီအချိန်  အဆိုပါ ကျောင်းခန်းမတွင် ပြုလုပ်ခဲ့သည်။
(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် ဂုဏ်ပြုယာဉ်နှင့် ပြခန်းများ ပြင်ဆင်ရေးနှင့် ပတ်သက်၍ ညှိနှိုင်းအစည်းအဝေးကျင်းပ
Nov 02,2022
၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့တွင် ကျရောက်မည့် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် ဂုဏ်ပြုယာဉ်နှင့် ပြခန်းများပြင်ဆင်ရေးနှင့်ပတ်သက်၍ ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းက ရခိုင်ပြည်နယ်အစိုးရ အဖွဲ့ရုံးအစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
ပင်လောင်းမြို့တွင် (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အကြို အသိပညာပေးဟောပြောပွဲပြုလုပ်
Nov 02,2022
ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ဒေသ ပင်လောင်းမြို့နယ်တွင် (၁၀၂)နှစ် မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် အကြို အသိပညာပေးဟောပြောပွဲကို အခြေခံပညာအလယ်တန်းကျောင်း တင်းထက်(မြောက် )တွင် ယနေ့နံနက်ပိုင်းက ပြုလုပ်ခဲ့သည်။
ကြာအင်းဆိပ်ကြီးမြို့နယ်၌ (၃၄) ကြိမ်မြောက် ဌာနဆိုင်ရာဝန်ထမ်းပေါင်းစုံ မဟာဘုံကထိန် ဆက်ကပ်လှူဒါန်းပွဲကျင်းပ
Nov 02,2022
သာသနာတော်နှစ် (၂၅၆၆) ခုနှစ်၊ ကောဇာသက္ကရာဇ် (၁၃၈၄) ခုနှစ်၊ တန်ဆောင်မုန်းလဆန်း (၁၀) ရက် ယနေ့နံနက်ပိုင်းအချိန်က ခရိုင်/မြို့နယ် ဌာနဆိုင်ရာ ဦးစီးဌာနများမှ ဦးစီးလှူဒါန်း ကျင်းပပြုလုပ်ပြီး အများပြည်သူအလှူရှင် ဒါယကာ၊ ဒါယိကာမများမှ စုပေါင်း၍ စုပေါင်း မဟာဘုံကထိန် အလှူပွဲတော်ကြီးအား ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးခရိုင် ကြာအင်း ဆိပ်ကြီးမြို့နယ် ကြာအင်းရွှေဒိုးကျေးရွာအုပ်စု ကျောက်ခဲကုန်းကျေးရွာ ဘုန်းတော်ကြီး ကျောင်း၌ ပြုလုပ်ကျင်းပသည်။
တပ်ကုန်းမြို့နယ်တွင် နေပြည်တော်ကောင်စီမှ ကြီးမှူးကျင်းပသည့် ဒုတိယအကြိမ် အသံမစဲမဟာပဋ္ဌာန်းမြတ် ရွတ်ဖတ်ပူဇော်ခြင်း ပဋ္ဌာန်းသိမ်း (အောင်ပွဲ) အခမ်းအနားကျင်းပ
Nov 02,2022
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ် ဆရာစံရပ်ကွက်၊ မဟာဇနကပရိယတ္တိစာသင်တိုက်တွင် နေပြည်တော်ကောင်စီမှ ကြီးမှူးကျင်းပသည့် မြို့နယ်လုံးဆိုင်ရာ ဒုတိယအကြိမ် အသံမစဲမဟာပဋ္ဌာန်းမြတ်ရွတ်ဖတ်ပူဇော်ခြင်း ပဋ္ဌာန်းသိမ်း(အောင်ပွဲ) အခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲက အဆိုပါစာသင်တိုက်၊ မဟာဇနကဗိမာန်တော်တွင် ကျင်းပသည်။
မန္တလေးမြို့ မဟာမုနိဘုရားကြီး (၃၃)ကြိမ်မြောက် မသိုးမြတ်သင်္ကန်းတော် ရက်လုပ်ပူဇော်ပွဲကို စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်
Nov 02,2022
မန္တလေးမြို့ မဟာမုနိဘုရားကြီး (၃၃)ကြိမ်မြောက် မသိုးမြတ်သင်္ကန်းတော် ရက်လုပ်ပူဇော်ပွဲကို တန်ဆောင်မုန်းလဆန်း(၁၄)ရက်နံနက်(၈) နာရီတွင် ဖွင့်ပွဲအခမ်းအနားဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
စုကလိမြို့တွင် ဒေသအခေါ် မာဆလာသီးများ စျေးကောင်းရရှိ
Nov 02,2022
ကရင်ပြည်နယ်မြဝတီ ခရိုင် စုကလိမြို့တွင် ဒေသအခေါ် မာဆလာသီးများ ယခင်နှစ် စျေးထက် ယခုနှစ်တွင် ​စျေးကောင်းများ ပိုမိုရရှိသောကြောင့် ပိုမိုအဆင်ပြေလျက်ရှိသည်။
တံတားဦးမြို့တွင် လူငယ်ရေးရာအကြောင်း အသိပညာပေး ဟောပြောပွဲနှင့် အားကစားပစ္စည်းများ ထောက်ပံ့ပေးအပ်ပွဲ ကျင်းပ
Nov 02,2022
မန္တလေးတိုင်းဒေသကြီး လူငယ်ရေးရာ ကော်မတီမှ ဦးဆောင်ကျင်းပသည့် လူငယ်ရေးရာအကြောင်း အသိပညာပေးဟောပြောပွဲနှင့် အားကစားပစ္စည်းများ ထောက်ပံ့ပေးအပ်ပွဲကို ယနေ့နံနက်(၁၀)နာရီက တံတားဦးမြို့ အခြေခံပညာအထက်တန်းကျောင်း ရတနာထွန်းခန်းမတွင် ကျင်းပကြောင်း သိရသည်။