တိုက်ကြီး ဧပြီ ၄
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင် တိုက်ကြီးမြို့နယ်တွင် ၂၀၂၂ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲ ဓာတုဗေဒဘာသာ ရပ် အား ယနေ့၌ ဖြေဆိုရာတွင် ကျောင်းသားကျောင်းသူ ( ၁၂၄၄) ဉီး ဝင်ရောက်ဖြေဆိုကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
တိုက်ကြီးမြို့နယ်အတွင်းရှိ အခြေခံပညာအထက်တန်းကျောင်း (တိုက်ကြီး) စာစစ်ဌာန၊ အခြေခံပညာ အထက်တန်း ကျောင်း (ဉက္ကံ) စာစစ်ဌာန၊ အခြေခံပညာအထက်တန်းကျောင်း (ဖလုံ)စာစစ်ဌာန၊ အခြေခံပညာအထက်တန်းကျောင်း (တော်လတီ) စာစစ်ဌာနနှင့် အခြေခံပညာအထက်တန်းကျောင်း (အဖျောက်) စာစစ်ဌာနတို့တွင် ဓာတုဗေဒ ဘာသာရပ် အားဖြေဆိုရန် စာရင်းရှိ ကျောင်းသား (၆၇၅) ဉီး၊ ကျောင်းသူ (၇၁၁)ဉီး စုစုပေါင်း (၁၃၈၆) ဉီးရှိပြီး စာမေးပွဲသို့ ကျောင်းသား ( ၅၉၃)ဉီး၊ ကျောင်းသူ ( ၆၅၁) ဉီး၊ စုစုပေါင်း ( ၁၂၄၄)ဉီး ဝင်ရောက်ဖြေဆိုသည်။ စာမေးပွဲဖြေဆိုရန် ပျက်ကွက်သူ ကျောင်းသား (၈၂) ဉီး ကျောင်းသူ (၆၀) ဉီး စုစုပေါင်း (၁၄၂) ဉီးရှိသဖြင့် ဖြေဆိုသူရာခိုင်နှုန်း (၈၉.၇၅ ) ရှိကြောင်း သိရသည်။
ကျောင်းသားကျောင်းသူများ အေးချမ်းစွာ စာမေးပွဲဖြေဆိုနိုင်ရေးအတွက် မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့မှ ကြီးကြပ်၍ မြို့နယ်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ကျန်းမာရေးဝန်ထမ်းများ၊ မြို့နယ်လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် မြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့ဝင်များက သက်ဆိုင်ရာ ကဏ္ဍအလိုက် ဝိုင်းဝန်းကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
စန်းကလျာခိုင်