ဒဂုံမြို့နယ်တွင် အသက်(၁၈)နှစ်နှင့်အထက် ရပ်ကွက်(၃)ရပ်ကွက်နေပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံ
Apr 05,2022
ရန်ကုန်အနောက်ပိုင်းခရိုင်၊ ဒဂုံမြို့နယ်၊ ပြည်လမ်းအရှေ့ရပ်ကွက်၊ မြို့မကျောင်းလမ်း၊ အိမ်တော်ရာ စေတီတော်ဝင်း အတွင်းရှိ ရတနာ့ဗိမာန်တော်တန်ဆောင်းတွင်ယမန်နေ့နံနက် (၁၀:၀၀)နာရီမှ (၁၃:၀၀)နာရီထိ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (COVISHIELD)အား ပထမအကြိမ် ထိုးနှံပေးခြင်းဆောင်ရွက်ခဲ့သည်။ ထိုသို့ ဆေးထိုးနှံရာတွင် ဒဂုံမြို့နယ် အတွင်းရှိယောမင်ကြီးရပ်ကွက်နှင့် ပြည်လမ်းအရှေ့ရပ်ကွက်တို့မှ အသက်(၁၈)နှစ်နှင့်အထက် ရပ်ကွက်နေ ပြည်သူ ကျား (၂၀)ဦး၊မ(၃၅)ဦး လူဦးရေ စုစုပေါင်း (၅၅)ဦးတို့အား ထိုးနှံပေးခဲ့ပြီး ကာကွယ်ဆေး ၁ လုံးလျှင် ၁၁ ဦးနှုန်းဖြင့်(၅၅) ဦး အတွက် ဆေးအလုံးရေ (၅)လုံးအားထိုးနှံပေးခဲ့သည်။