ဘိုကလေးမြို့နယ်တွင် နွေရာသီအခြေခံအားကစား သင်တန်းဆင်းပွဲကျင်းပ
Apr 07,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ အားကစားနှင့် ကာယပညာဦးစီးဌာနမှ နွေရာသီကျောင်းပိတ်ရက် ကာလများအတွင်း လူငယ်မောင်မယ်များ အားလပ်ချိန်များကို အကျိုးရှိစွာ အသုံးချနိုင်စေရေးကိုရည်ရွယ်၍ မတ်လ (၂၅)ရက်နေ့မှစတင်၍ ကျွမ်းကျင်အားကစား နည်းပြများနှင့်အတူ မြို့နယ်အားကစားခန်းမနှင့် မြို့မအောက်ပိုင်း ဘောလုံးကွင်းတို့တွင် နွေရာသီအခြေခံအားကစား သင်တန်းစတင်ဖွင့်လှစ်ခဲ့ရာ ယနေ့နံနက် (၉)နာရီ၌ သင်တန်းဆင်းပွဲ ကျင်းပခဲ့သည်။