မင်းလှ ဧပြီ ၆
ပဲခူးတိုင်းဒေသကြီး၊ မင်းလှမြို့နယ်တွင် ၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဘာသာတွဲ (၁)နှင့်(၇)တို့၏ နောက်ဆုံးဖြေဆိုရမည့် ဘာသာရပ်များဖြစ်သော ဇီဝဗေဒဘာသာရပ်နှင့် ဘောဂဗေဒဘာသာရပ်တို့အား ယနေ့တွင် ကျောင်းသား/သူများ အေးချမ်းစွာ ဖြေဆိုပြီးစီးခဲ့ကြောင်း သိရသည်။
မင်းလှမြို့ တက္ကသိုလ်ဝင်တန်းစာစစ်ဌာနသုံးခုတွင် ဘောဂဗေဒဘာသာရပ်၌ ဝင်ရောက်ဖြေဆိုမည့် ကျောင်းသား ကျောင်းသူ (၅၄၃) ဦးရေအနက်မှ ဖြေဆိုသူ (၄၇၃)ဦး၊ ပျက်ကွက်(၇၀)ဦးနှင် ဇီဝဗေဒဘာသာရပ်၌ ဝင်ရောက်ဖြေဆိုမည့်ကျောင်းသား ကျောင်းသူ (၂၄၉) ဦးရေအနက်မှ ဖြေဆိုသူ (၂၂၅)ဦး၊ ပျက်ကွက် (၂၄) ဦးဖြစ်ကြောင်း သိရသည်။
ကျောင်းသားကျောင်းသူများ စိတ်အေးချမ်းသာစွာ ဖြေဆိုနိုင်ရေးအတွက် သက်ဆိုင်ရာပူပေါင်းအဖွဲ့များက ကျောင်းအတွင်းအပြင် လုံးခြုံရေးစောင့်ကြပ်ပေးလျက်ရှိပြီး စာဖြေပြီးပြန်လည်ထွက်လာသော ကျောင်းသားကျောင်းသူများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ Royal-D အချိုရည်ဗူးများနှင့် မုန့်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ပေါက်စ(မင်းလှ)