မိုငိးတုံ ဧပြီ ၆
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းတုံမြို့၌ တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဆဋ္ဌမနေ့ကို ယနေ့နံနက်(၉း၀၀)နာရီက အ.ထ.က (မိုင်းတုံ)စာစစ်ဌာနတွင် ဇီဝဗေဒနှင့်ဘောဂဖြေဆိုမှု အေးချမ်းစွာပြီးစီးကြောင်း သိရသည်။
အ.ထ.က(မိုင်းတုံ)စာစစ်ဌာနတွင် တက္ကသိုလ်ဝင်တန်း စာမေးပွဲဝင်ရောက်ဖြေဆိုရန် စာရင်း ပေးသွင်းထားသည့် ကျောင်းသား ကျောင်းသူ (၁၉၃)ဦးရှိသည့်အနက် ကျောင်းတွင်းဖြေဆိုသူ ကျောင်းသား(၄၅)ဦး၊ ကျောင်းသူ(၅၄)ဦး၊ ပြင်ပမှဝင်ရောက် ဖြေဆိုသူကျောင်းသား (၁၁)ဦး၊ ကျောင်းသူ(၅၁)ဦး စုစုပေါင်း(၁၆၁)ဦး၊ ရာခိုင်နှုန်း(၈၃.၄၂%) ဖြေဆိုခဲ့ကြသည်။
အဆိုပါတက္ကသိုလ်ဝင်တန်းစာမေးပွဲကို ဌာနဆိုင်ရာများ တာဝန်ကျဆရာ၊ဆရာမများနှင့် တာဝန် ရှိသူတို့ကကြီးကြပ်ဆောင်ရွက်လျက်ရှိပြီး ကျောင်းသားကျောင်းသူများကိုကိုဗစ်-၁၉ စည်းကမ်း ချက်များနှင့်အညီ ဇီဝဗေဒနှင့်ဘောဂဘာသာရပ်အား စိတ်အေးချမ်းသာစွာ ဖြေဆိုခဲ့သည့် ကျောင်းသားကျောင်းသူများကို မိုင်းတုံအခြေချစစ်ဗျူဟာမှူး ဗိုလ်မှူးကြီးဇော်မင်းဦးက မုန့်အဟာရများကို ဝေငှာပေးခဲ့ကြောင်း သိရသည်။
ဝင်းဝင်းခိုင်(မိုင်းတုံ၊ပြန်/ဆက်)