သတင်းများ

သဲကုန်းမြို့တွင် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးရန်ကျန်ရှိနေသည့် ပညာရေးဝန်ထမ်းများအား ပထမအကြိမ် ထိုးနှံပေး
Jun 16,2021
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ သဲကုန်းမြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့နှင့် မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့ ပူးပေါင်း၍ ကျန်ရှိသော ပညာရေးဝန်ထမ်းများအား ပထမအကြိမ် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံခြင်း လုပ်ငန်းများကို ယနေ့ နံနက် ၉ နာရီ အချိန်မှစတင်ကာ မြို့နယ်ပြည်သူ့ဆေးရုံ၌ ထိုးနှံပေးခဲ့ကြောင်း သိရသည်။
တံတားဦးမြို့နယ်တွင် မိုးစပါးမျိုးစေ့ထုတ်စိုက်ခင်းများ နည်းပညာပေးဆွေးနွေးပွဲ ( Talk Show ) ကျင်းပ
Jun 16,2021
ကျောက်ဆည်ခရိုင်၊ တံတားဦးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနတို့ပူးပေါင်းပြီး ယနေ့နံနက်(၁၁)နာရီက မြို့နယ်ပြည်သူ့ စာကြည့်တိုက် Community   Centre  ခန်းမတွင်    မိုးစပါးမျိုးစေ့ထုတ် စိုက်ခင်းများနည်း ပညာပေးဆွေးနွေးပွဲ ( Talk Show ) ကျင်းပ ကြောင်းသိရသည် ။
မိုင်းပန်မြို့နယ်တွင် အခြေခံအပ်ချုပ်စက်သင်တန်းနှင့် ပန်းကြယ်သီးထိုးသင်တန်းဖွင့်လှစ်
Jun 16,2021
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ်၊ နမ့်တိန်းကျေးရွာရှိ နမ့်တိန်းခန်းမ အတွင်း၌ မိုင်းပန်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ အသက်မွေး ဝမ်းကြောင်း အထောက်အကူပြုသင်တန်းဖြစ်သည့် အခြေခံအပ်ချုပ်စက်သင်တန်းနှင့် ပန်းကြယ်သီးထိုးသင်တန်းအား ဇွန်လ (၁၅) ရက်နေ့မှ ဇူလိုင်လ (၁၅) ရက်နေ့အထိ တစ်လတာ သင်တန်းကြေးအခမဲ့ဖြင့် ဖွင့်လှစ်သင်ကြား ပေးလျက်ရှိကြောင်း သိရသည်။
တိုင်းဒေသကြီးပြင်ပသို့ ခရီးသွားလာမည့် မိဘပြည်သူများအား ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိ စစ်ဆေးပေး
Jun 16,2021
တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ် ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနတွင် မြိတ်ခရိုင် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏လမ်းညွှန်ချက်အရ တိုင်းဒေသကြီးပြင်ပသို့ သွားလာမည့် မိဘပြည်သူများအား ကိုဗစ်-၁၉ပိုး ရှိ/ မရှိကို ဇွန်လ၁၀ရက်နေ့မှ စတင်ကာ စစ်ဆေးပေးလျက် ရှိကြောင်းသိရသည်။
လှိုင်းဘွဲမြို့နယ်တွင် ကလေးငယ်များနှင့်ကိုယ်ဝန်ဆောင်အမျိုးသမီးများအား ပုံမှန်ကာကွယ်ဆေးထိုးနှံ
Jun 16,2021
ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်တွင် ကလေးငယ်များအားကျန်းမာသန်စွမ်းစေရန်နှင့် ကူးစက်ရောဂါတို့မှ ကင်းဝေးစေရန်ရည်ရွယ်၍ မွေးစမှ အသက်(၁)နှစ်ခွဲ ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံ တိုက်ကျွေးခြင်းနှင့် ကိုယ်ဝန်ဆောင်အမျိုး သမီးများအား ပုံမှန်ကာကွယ်ဆေးထိုးနှံခြင်းကို ယနေ့ နံနက် ၁၀ နာရီ အချိန်က မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
သင်္ဃန်းကျွန်းမြို့နယ်တွင် အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင် အိမ်တိုင်ရာရောက်ထောက်ပံ့
Jun 16,2021
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ သင်္ဃန်းကျွန်းမြို့နယ်တွင် အသက်(၈၅)နှစ်နှင့် အထက် သက်ကြီးဘိုးဘွားများအား သုံးလတစ်ကြိမ် ထောက်ပံ့ပေးအပ်လျှက်ရှိသော လူမှုရေး ပင်စင် ထောက်ပံ့ငွေများကို (၁၆)ရပ်ကွက်အပိုင်း(၄)တွင် ယမန်နေ့က အိမ်တိုင် ရာရောက် သွားရောက်ထောက်ပံ့ပေးအပ်လျှက်ရှိကြောင်း သိရသည်။
နောင်ချိုမြို့တွင် ကိုဗစ်-၁၉ရောဂါကြိုတင်ကာကွယ်ရေးအတွက် ကျန်းမာရေးစစ်ဆေးရေးဂိတ်ပြန်လည်ထားရှိ
Jun 16,2021
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊နောင်ချိုမြို့နယ်ရှိ ပြည်သူများ ကိုဗစ်-၁၉ရောဂါကူးစက်မှုမှကြိုတင်ကာ ကွယ်နိုင်ရေးအတွက် ရည်ရွယ်၍ နောင်ချိုမြို့အဝင် ကျောက်ကြမ်းကျေးရွာတွင် ဇွန်လ ၁၁ ရက်နေ့နံနက်ပိုင်းမှစ၍ ကျန်းမာရေးစစ်ဆေးရေးဂိတ်ကို ပြန်လည်ဖွင့်လှစ်ထားရှိကြောင်း သိရသည်။
ချင်းပြည်နယ်၊ ရိခေါ်ဒါရ်မြို့၌ ကိုဗစ်-၁၉ ရောဂါသံသယဖြစ်သူများအား ရောဂါစစ်ဆေးခဲ့ရာ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသူ ၁ ဦးထပ်မံတွေ့ရှိ
Jun 16,2021
ချင်းပြည်နယ်၊ ရိခေါ်ဒါရ်မြို့ ကျန်းမာရေးဌာနနှင့် ရပ်ကွက်လူငယ်အဖွဲ့အစည်းများ၊ Volunteer အဖွဲ့များ ပူးပေါင်းပြီး မြို့ပေါ်ရပ်ကွက်အတွင်း ကိုဗစ်-၁၉ ရောဂါသံသယဖြစ်သူများအား RDT (Test Kit)ဖြင့် စစ်ဆေးခြင်းကို ဇွန် ၁၆ ရက်၌ ဆောင်ရွက်ခဲ့ရာ ရပ်ကွက်အတွင်း ကိုဗစ်-၁၉ ရောဂါ ပိုးတွေ့ရှိသူ ၁ ဦးထပ်မံတွေ့ ရှိကြောင်း ကျန်းမာရေးဌာနမှ သိရသည်။