ကြို့ပင်ကောက် ဧပြီ ၆
ပဲခူးတိုင်းဒေသကြီး ကြို့ပင်ကောက်မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနရုံးမှ နိုင်ငံသားကိုယ်ရေးမှတ်တမ်း အချက်အလက် နိုင်(၄)မှတ်တမ်းများအား Computer Soft Ware အသုံးပြု၍ စိစစ်ရေးသွင်းခြင်းကို မြို့နယ်လျှပ်စစ်အင်ဂျင်နီယာရုံးတွင် ဧပြီလ ၄ ရက်နေ့မှစ၍ ဌာနဆိုင်ရာအသီးသီးမှ ဝန်ထမ်းများ၏အကူအညီဖြင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အဆိုပါ နိုင်(၄)မှတ်တမ်းပါ အကြောင်းအရာများအား ကွန်ပျူတာဖြင့် eID စနစ်အတွင်းသို့ ရေးသွင်းရန် ကြို့ပင်ကောက်မြို့တွင် စာရင်းရေးသွင်းရန်ဦးရေ ၁၃၄၀၅၀ ဦးရှိကြောင်း၊ ယနေ့အထိ ၂၃၁၉၀ ဦးအား စာရင်းရေးသွင်းပြီးစီးနေပြီဖြစ်ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူး ဦးဦးခင်မောင် ထံမှ သိရသည်။
နိုင်ငံသားကိုယ်ရေးမှတ်တမ်း အချက်အလက် နိုင်(၄)မှတ်တမ်းများအား eID စနစ်အတွင်းသို့ ကွန်ပျူတာ Soft Ware အသုံးပြု၍ စာရင်းရေးသွင်းခြင်းကို လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး ဝန်ထမ်းများ၊ ပညာရေးဝန်ထမ်းများနှင့် အခြားဌာနဆိုင်ရာဝန်ထမ်းများက ကူညီပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ဇေယျာထွန်း(ကြို့ပင်ကောက်)