တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုနေသည့် ကျောင်းသား၊ ကျောင်းသူများအား ခွန်အားဖြည့် အချိုရည်များ ဝေငှပေး

ပြည်  ဧပြီ  

အခြေခံပညာအထက်တန်းကျောင်းများ၌ တက္ကသိုလ်ဝင်စာမေးပွဲ လာရောက်ဖြေဆိုကြသော ကျောင်းသားကျောင်းသူများအား ယနေ့နံနက်ပိုင်းတွင် ပြည်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးသိန်းအောင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးနိုင်လင်းဦးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ ပူးပေါင်းအဖွဲ့က ခွန်အားဖြည့်အချိုရည်များ ဝေငှပေးခဲ့ကြောင်း သိရသည်။

ပြည်မြို့နယ်ရှိ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုနေသည့် ကျောင်း ()ကျောင်းအနက် အထက() တွင် ကျောင်းသား၊ ကျောင်းသူ ၅၄၅ ဦး၊ အထက()တွင် ကျောင်းသား၊ ကျောင်းသူ (၃၂၄)ဦး၊ အထက()တွင် ကျောင်းသား၊ ကျောင်းသူ (၂၀၆)ဦး၊ ပေါင်းတလည်အထကတွင် ကျောင်းသား၊ ကျောင်းသူ(၁၉၁)ဦးနှင့် ဝက်ထီးကန်အထကတွင် ကျောင်းသား၊ ကျောင်းသူ (၂၆၉)ဦး၊ စုစုပေါင်း ကျောင်းသား၊ ကျောင်းသူ (၁၅၃၅)ဦးအား  ခွန်အားဖြည့် အချိုရည်များ ဝေငှပေးခဲ့ကြောင်း သိရသည်။

ကိုစိုး (ပြန်/ဆက်)