ကလောမြို့နယ်၌ ဝန်ထမ်းများလုပ်ငန်း ဆောင်ရွက်ရာတွင် လျင်မြန်စွာဆောင်ရွက်နိုင် ရန်အတွက် ရုံးလုပ်ငန်းလက်စွဲစာအုပ်ဖြင့် စာဖတ်ဝိုင်းပြုလုပ်

ကလော မတ် ၆

ရှမ်းပြည်နယ်(တောင်ပိုင်း)တောင်ကြီးခရိုင်၊ ကလောမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများအနေဖြင့် လုပ်ငန်းများဆောင်ရွက်ရာတွင် လျင်မြန်မှန်ကန်စွာ ဆောင်ရွက်နိုင်ရန်အတွက် သတ်မှတ်ထားသည့် လုပ်ငန်းစနစ်များ ရုံးလုပ်ငန်းလက်စွဲစာအုပ်ဖြင့် ရုံးတွင်းစာဖတ်ဝိုင်းကို ယနေ့မွန်းလွဲ(၁)နာရီက လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင်ပြုလုပ်ခဲ့သည်။

အဆိုပါစာဖတ်ဝိုင်းတွင် ဦးစီးအရာရှိဒေါ်နန်းအေးခိုင်က ဌာနအတွင်းထုတ်ဝေထားသည့်လုပ်ငန်းများ ဆောင်ရွက်ရာတွင် လျင်မြန်မှန်ကန် စွာဆောင်ရွက်နိုင်ရန်အတွက်  သတ်မှတ်ထားသည့် လုပ်ငန်းစနစ်များ၊ စီမံခန့်ခွဲရေးဆိုင်ရာ စံသတ်မှတ်ချက်လုပ်ငန်းများ၊ ဝန်ထမ်းများ အနေဖြင့် ရုံးလုပ်ငန်းများ ဆောင်ရွက်ရာတွင်  ဝန်ထမ်းစည်းမျဉ်း၊ စည်းကမ်းများကို လိုက်နာဆောင်ရွက်မှသာ ရုံးလုပ်ငန်းများထိရောက်အောင်မြင်မည်ဖြစ်ကြောင်း ရှင်းလင်းဆွေးနွေးပြီး နောက် ဒုတိယဦးစီးမှူး၊ ဒေါ်သင်းသင်းမော်က ရုံးလုပ်ငန်းလက်စွဲ စာအုပ်အခန်း (၃)ပါ ထွက်စာများကို အရေးယူဆောင်ရွက်ခြင်းကိုလည်းကောင်း၊ စာကြည့်တိုက်လက်ထောက်-၃ဒေါ်ယဉ်ယဉ်ထွေးက အခန်း(၄)ပါ စာရွက် စာတမ်းများလုံခြုံစွာ ကိုင်တွယ်ထိန်းသိမ်းခြင်းကို လည်းကောင်း ဖတ်ကြားဆွေးနွေးခဲ့ရာ ဝန်ထမ်းများက သိရှိလိုသည်များကို  ပြန်လည်မေးမြန်းဆွေးနွေးခဲ့ကြရာ ဦးစီးအရာရှိက ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။

နန်းအေးခိုင်(ကလော)