ကလောမြို့နယ်၌ တက္ကသိုလ်ဝင်စာမေးပွဲ ဇီဝဗေဒဘာသာရပ်နှင့် ဘောဂဗေဒဘာသာရပ်ကို ကျောင်းသား၊ ကျောင်းသူ(၁၃၃၁)ဦး ဖြေဆို

ကလော ဧပြီ ၆

ရှမ်းပြည်နယ်(တောင်ပိုင်း)တောင်ကြီးခရိုင်၊ ကလောမြို့နယ်တွင် ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဇီဝဗေဒဘာသာရပ်နှင့် ဘောဂဗေဒဘာသာရပ်ကို ယနေ့နံနက် ၉ နာရီက စတင်ကျင်းပရာ ကလောမြို့နယ်ရှိ စာစစ်ဌာန ၆ ခုမှ ကျောင်းသား၊ ကျောင်းသူ (၁၄၄၈)ဦး စာရင်းပေးသွင်းထားပြီး (၁၃၃၁)ဦး ဝင်ရောက်ဖြေဆိုကြောင်း သိရသည်။

ကလောမြို့နယ်အတွင်းရှိ စာစစ်ဌာနများဖြစ်ကြသော အထက(၁)ကလောတွင်  ဖြေဆိုသူ ၃၀၇ ဦး၊ အထက(၂)ကလောတွင်ဖြေဆိုသူ ၂၃၃ ဦး၊ အထက(၃)အောင်ပန်းတွင်ဖြေဆိုသူ ၂၅၀ ဦး၊ အထက-(၅) အောင်ပန်း တွင်ဖြေဆိုသူ ၃၀၆ ဦး၊ အထက-(၄)ဟဲဟိုးတွင် ဖြေဆိုသူ ၁၉၇ ဦး၊ အထက (၆)ဘော်ဆိုင်းတွင်ဖြေဆိုသူ ၃၈ ဦး၊စုစုပေါင်းအတွင်း၊အပြင်ဖြေဆိုသူ ၁၃၃၁ ဦး ဝင်ရောက်ဖြေဆိုကြောင်း၊ စာစစ်ဌာနများတွင် တက္ကသိုလ်ဝင် စာမေးပွဲဇီဝဗေဒနှင့် ဘောဂဗေဒဘာသာရပ်ကို ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာ ဖြေဆိုလျက်ရှိပြီး ဝင်ရောက်ဖြေဆိုမှုရာခိုင်နှုန်း (၉၁ဒသမ ၉၂)ရာခိုင်နှုန်းနှင့် ပျက်ကွက်မှုရာခိုင်နှုန်း(၉ ဒသမ ၇၈) ရာခိုင်နှုန်းရှိကြောင်း မြို့နယ်ပညာရေးမှူးရုံး၏ ထုတ်ပြန်ချက်အရ သိရသည်။

ကျော်ဝင်း(ပြန်/ဆက်)