ကာမိုင်းမြို့၌ မိုးစပါးစံကွက်ရိတ်သိမ်းရာ တစ်ဧကလျှင် ၁၁၅ တင်းထွက်ရှိ
Nov 03,2022
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ဖားကန့်မြို့နယ်၊ ကာမိုင်းမြို့၊ နန့်စီးအင်းကျေးရွာအုပ်စု၌ တောင်သူ ဒေါ်ခင်စန်းရင်၏ လယ်မြေကွင်းအမှတ် (၁)၊ ဦးပိုင်အမှတ် (၂၁)ရှိ စိုက်ဧက (၁၀)ဧကတွင် ယနေ့ နံနက်ပိုင်းက ရိတ်သိမ်းခြွေလှေ့စက်ဖြင့် ဆင်းဧကရီ-၃ မိုးစပါးစံကွက်ရိတ်သိမ်းခဲ့ကြောင်း သိရသည်။