သတင်းများ

ကော့ကရိတ်မြို့၌ စာရေးဆရာ ဒေါက်တာသိန်းလွင်(ပညာရေးစိတ်ပညာပါရဂူ) ကျောင်းနှင့်ဘဝ ဆက်စပ်ပြင်ဆင်ကြစာအုပ်ဖြင့် စာဖတ်ဝိုင်း ကျင်းပ
Apr 08,2022
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ Book Club အဖွဲ့နှင့်  Youth Club အဖွဲ့တို့ ပူးပေါင်း၍ စာရေးဆရာ ဒေါက်တာသိန်းလွင် (ပညာရေးစိတ်ပညာ ပါရဂူ)ရေးသားသည့် ကျောင်းနှင့်ဘဝ ဆက်စပ်ပြင်ဆင်ကြစာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယနေ့နံနက် (၁၀)နာရီအချိန်က ကော့ကရိတ်ခရိုင်ရုံး လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
ပေါင်းတည်မြို့နယ်၌ စိုက်ပျိုးရေးမွေးမြူရေးနှင့် ကုန်ထုတ်လုပ်မှု တိုးတက်မြင့်မားရေး ဆွေးနွေးပွဲ ကျင်းပ
Apr 08,2022
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ်၌ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကုန်ထုတ်လုပ်မှုဖွံ့ဖြိုး တိုးတက်မြင့်မားရေး ဆွေးနွေးပွဲကို ယမန်‌နေ့က ဘုရားငါးဆူအုပ်စု၊ အုန်းသုံးပင်ကျေးရွာသို့ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ပွင့်ဖြူမြို့နယ် ကျောင်းတော်ရာနယ်မြေမီးသတ် စခန်းသစ်၊ လယ်ကိုင်းနယ်မြေမီးသတ်စခန်းသစ် ဖွင့်ပွဲအခမ်းအနားနှင့် ပွင့်ဖြူမြို့နယ် လယ်ကိုင်းကျေးရွာရှိ ရွှေပြည်အေးဘုရားတန်ဆောင်း ပြုပြင်မွန်းမံခြင်း ရေစက်ချမင်္ဂလာ အခမ်းအနားတက်ရောက်
Apr 08,2022
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင့်လွင်သည် ယမန်နေ့ နံနက်ပိုင်းက အစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်ကျော်လင်း၊ သယံဇာတရေးရာဝန်ကြီး ဦးစိုင်းမြင့်အေး၊ လူမှုရေးရာဝန်ကြီးဦးစိုးပိုင်မြင့်နှင့် တိုင်းဒေသကြီး မီးသတ်ဦးစီးဌာနမှ တိုင်းဒေသကြီးဦးစီးမှူးတို့ လိုက်ပါကာ ပွင့်ဖြူမြို့နယ်၊ ကျောင်းတော်ရာကျေးရွာသို့ ရောက်ရှိခဲ့ပြီး ကျောင်းတော်ရာ နယ်မြေမီးသတ်စခန်းသစ် ဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက် ဖွင့်လှစ်ပေးခဲ့သည်။
မိုင်းဖြတ်၌ မြို့နယ်အုပ်ချုပ်ရေးမှူးဖလား ရပ်ကွက်/ကျေးရွာပေါင်းစုံ အမျိုးသားအလွတ်တန်း ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်း အခမ်းအနားကျင်းပ
Apr 08,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်း၊ မိုင်းဖြတ်မြို့နယ်တွင် မြို့နယ်အုပ်ချုပ်ရေးမှူးဖလား ရပ်ကွက်/ ကျေးရွာပေါင်းစုံ အမျိုးသားအလွတ်တန်း ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနားကို ယမန်နေ့ ညနေက မြို့မအားကစားကွင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
ကျိုက်ဒုံမြို့၌(၂၀၂၁-၂၀၂၂) ပညာသင်နှစ်တက္ကသိုလ်ဝင်စာမေးပွဲ သမိုင်းဘာသာရပ်အားကျောင်းသား၊ ကျောင်းသူများ ဆက်လက်ဖြေဆို
Apr 08,2022
ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကျိုက်ဒုံမြို့၌ (၂၀၂၁-၂၀၂၂) ပညာသင်နှစ် တက္ကသိုလ်ဝင် စာမေးပွဲ အဋ္ဌမနေ့အဖြစ် သမိုင်းဘာသာရပ်အား အ.ထ.က(ကျိုက်ဒုံ)စာစစ်ဌာနတွင် ယနေ့ နံနက် ၉ နာရီက သမိုင်းဘာသာရပ်ကို ကျောင်းသားကျောင်းသူများ ဆက်လက်ဖြေဆိုလျက်ရှိကြောင်း သိရသည်။
သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး  (Talk Show) ဆွေးနွေးပွဲ ကျင်းပ
Apr 08,2022
သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး အသိပညာပေး (Talk Show) ဆွေးနွေးပွဲကို  ယနေ့နံနက်(၁၀)နာရီအချိန်က   ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမတွင်  ကျင်းပခဲ့သည်။
မိုးညိုမြို့၌ မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော် ကျင်းပနိုင်ရေးညှိနှိုင်း ဆွေးနွေး
Apr 08,2022
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်တွင် မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်ကို စည်ကားသိုက် မြိုက်စွာ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်း ဆွေးနွေးပွဲကို ယမန်နေ့ နေ့လည် ၁ နာရီခွဲအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အင်္ဂပူမြို့နယ်တွင် ရုတ်တရက်လေပြင်းတိုက်ခတ်မှုကြောင့် လူနေအိမ်နှင့် ဘုန်းကြီးကျောင်း အမိုးလန်ပျက်စီး
Apr 08,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ အင်္ဂပူမြို့နယ်၊ ခြောက်ရွာကျေးရွာအုပ်စု၊ ကျုံပိုကျေးရွာနှင့် ဒေါင့်ကြီးကျေးရွာတို့တွင် ယမန်နေ့ ညနေ ၆ နာရီ ၁၅ မိနစ်အချိန်ခန့်က ရုတ်တရက် လေပြင်းတိုက်ခတ်ပြီး မိုးရွာခြင်းများဖြစ်ပေါ်မှုကြောင့် လူနေအိမ်ပြိုကျခြင်း၊ အမိုးလန်ခြင်းနှင့် ဘုန်းကြီးကျောင်း ၁ ကျောင်း အမိုးလန်ခြင်းများ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။