အိမ်မဲမြို့နယ်၌ ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ပထဝီဝင်ဘာသာရပ် အေးချမ်းစွာ ဖြေဆို
Apr 07,2022
ဧရာဝတီတိုင်းဒေသကြီး မြောင်းမြခရိုင် အိမ်မဲမြို့နယ်တွင် ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲကို စာစစ်ဌာန ၉ ခုဖြစ်သော အ.ထ.က-၁ ၂၅၅ ဦး၊ အ.ထ.က-၂ တွင် ၁၄၁ ဦး ၊အ.ထ.ကရွာသစ်တွင် ၉၇ ဦး၊ အ.ထ.က ကြို့ကုန်းတွင် ၁၄၃ ဦး၊ အ.ထ.က-တကူဆိပ်တွင် ၈၉ ဦး၊ အ.ထ.က-ဝါးတလုတ်ကမ်းနီတွင် ၅၆ ဦး၊ အ.ထ.က- လူကောင်းကျွန်းတွင် ၄၁ ဦး၊ အ.ထ.က ကျုံတလုတ် တွင် ၃၁ ဦး၊ အ.ထ.က-ဘုရားကြီးကုန်းတွင် ၃၅ ဦး စသည့် စာစစ်ဌာန ၉ ခုတို့တွင် စုစုပေါင်းကျောင်းသား ကျောင်းသူ ၈၈၈ ဦး တို့သည် ဧပြီလ ၇ ရက်နေ့နံနက် ၉ နာရီက ပထဝီဝင်ဘာသာရပ်ကို အေးချမ်းစွာဖြေဆိုလျက်ရှိကြောင်းသိရသည်။