မုဒုံ နိုဝင်ဘာ ၃
မွန်ပြည်နယ်၊ မုဒုံမြို့နယ် ဘလောက်ညောင်ဝိုင်းကျေးရွာတွင် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနက မြစိမ်းရောင်ကျေးရွာစီမံကိန်း (ဆီထွက်သီးနှံ) ရန်ပုံငွေအား ပထမအကြိမ် ထုတ်ချေးပေးခြင်းကို ယနေ့ နံနက် ၁၁ နာရီက အဆိုပါကျေးရွာရှိ ဘုန်းကြီးကျောင်းဓမ္မာရုံ၌ ကျင်းပသည်။
ရှေးဦးစွာ မုဒုံမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက မြို့နယ်ဦးစီးမှူး ဒေါ်မိဝတ်ရည်မွန်က ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝများ ဖွံ့ဖြိုးလာစေရန်၊ နေကြာဆီထွက် သီးနှံစိုက်ပျိုးသော တောင်သူများ လိုအပ်လျက်ရှိသည့် မျိုးစေ့သွင်းအားစုနှင့် စိုက်ပျိုးစရိတ်များ ဝယ်ယူသုံးစွဲနိုင်ရန်အတွက် အတိုးနှုန်းသက်သာစွာဖြင့် အရင်းမပျောက် လည်ပတ်ရန်ပုံငွေများ ထုတ်ချေးပေးခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။
ထို့နောက် မြို့နယ်ဦးစီးမှူးနှင့်ဝန်ထမ်းများက မြစိမ်းရောင်ကျေးရွာစီမံကိန် (ဆီထွက်သီးနှံ) Type-3 အမျိုးအစားရန်ပုံငွေကျပ် သိန်း ၁၀၀ အား ကျေးရွာ ကော်မတီဝင်များထံ စနစ်တကျလွှဲပြောင်း ပေးအပ်ခဲ့သည်။ ဆက်လက်၍ ကျေးရွာအတွင်းရှိ ဆီထွက်သီးနှံနေကြာ လယ်ဧက ၅၀ ဧက စိုက်ပျိုးမည့် စီမံကိန်း အသင်းဝင်တောင်သူ ၁၀ ဦးကို ကိုဗစ်စည်းကမ်းချက်များ နှင့်အညီ ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။
သားငယ် (ပြန်/ဆက်)