သတင်းများ

အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန (၃၄)နှစ်မြောက် နှစ်ပတ်လည်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဝန်ထမ်းမိသားစုများစုပေါင်းပြီး ဆွမ်းဆပ်ကပ်လှူဒါန်း
Nov 03,2022
၂၀၂၂ ခုနှစ် နိုင်ဝင်ဘာလ ၇ ရက်နေ့တွင်ကျရောက်မည့် ပြည်ထဲရေးဝန်ကြီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ (၃၄)နှစ်မြောက်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် သထုံခရိုင်နှင့်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းမိသားစုများစုပေါင်းကာ ယနေ့ နံနက်က သထုံမြို့၊ နန်းခဲရပ်ကွက်ရှိ ဓမ္မမေဒနီပရိယတ္တိစာသင်တိုက်ကြီးမှ သံဃာတော်များအား အရုဏ်ဆွမ်းနှင့် လှူဖွယ်များ ဆပ်ကပ်လှူဒါန်းခဲ့ကြသည်။
ဘီးလင်းမြို့နယ်တွင် နိုင်ငံသားစိစစ်ရေးကတ်နှင့် အိမ်ထောင်စုလူဦးရေစာရင်း ပုံစံ(၆၆/၆)များနှင့်ပတ်သက်၍ ပြည်သူများသိရှိစေရေး လက်ကမ်းစာစောင်များဖြန့်ဝေ
Nov 03,2022
ဘီးလင်းမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ဘီးလင်းမြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည်  နိုင်ငံသားစိစစ်ရေးကတ်နှင့် အိမ်ထောင်စုလူဦးရေစာရင်း ပုံစံ(၆၆/၆)များနှင့်ပတ်သက်၍ အသိပေးထုတ်ပြန်ချက်များကို ပြည်သူများသိရှိစေရေး  လက်ကမ်းစာစောင်များဖြန့်ဝေခြင်းကို ယနေ့နံနက်ပိုင်းက မြို့နယ်သာသနာ့ဗိမာန်ရှေ့တွင် ဖြန့်ဝေပေးခဲ့သည်။
ကျောက်ဆည်မြို့နယ်တွင် သီးနှံမျိုးစုံစိုက်ဧက (၁၆၃၉) ဧက ရေပြည့်ဝစွာပေးနိုင်ရေး သင်တောင်း လက်တံမြောင်းတွင် သဲနုန်းများတူးဖော်ပေးသွားမည်ဖြစ်
Nov 03,2022
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ် ဆည်မြောင်းနှင့်ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနမှ စိုက်ပျိုးသီးနှံများအောင်မြင်စွာ ရေပေးဝေရာနိုင်ရေး၊ တိမ်ကောနေသည့်မြောင်းများအား သဲနုန်းများ တူးပေးခြင်း၊ မြောင်းနံရံများအား ကျောက်ဆလံစီပေးခြင်း၊ ပျက်စီးနေသည့်ရေပေးပြွန်များ၊ ရေကျ အဆောက်အအုံများအား ပြန်လည်ပြုပြင်ခြင်းများ ဆောင်ရွက်ပေးလျက်ရှိရာ ၂၀၂၂-၂၀၂၃  ဘဏ္ဍာနှစ်၌ သီးနှံမျိုးစုံစိုက်ဧက (၁၆၃၉) ဧက ရေပြည့်ဝစွာပေးဝေနိုင်ရေး သင်တောင်းလက်တံမြောင်းတွင် သဲနုန်းများ တူးဖော်ပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။
ကျောက်ပန်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မိသားစု(ပဉ္စမအကြိမ်မြောက်) ကထိန်သင်္ကန်းဆက်ကပ်လှူဒါန်းပွဲကျင်းပ
Nov 03,2022
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင် ကျောက်ပန်းတောင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မိသားစု (ပဉ္စမအကြိမ်မြောက်) ကထိန်သင်္ကန်းဆက်ကပ်လှူဒါန်းပွဲကို၊ ယနေ့ နံနက်(၆)နာရီက ကျောက်ပန်းတောင်းမြို့ ရှေးဟောင်းသမိုင်းဝင် ရွှေတောင်ဦးဘုရား ဘုန်းတော်ကြီးကျောင်းတွင် ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
မိုင်းနောင်မြို့တွင် အိမ်ထောင်စုလူဦးရေများ တိုက်ဆိုင်စစ်ဆေးခြင်းနှင့် နိုင်ငံသားစီစစ်ရေးကတ်ပြားများပြုလုပ်ပေးခြင်း ဆောင်ရွက်
Nov 03,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်း‌နောင်မြို့တွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနမှ အိမ်ထောင်စုလူဦးရေများတိုက်ဆိုင်စစ်ဆေးခြင်းနှင့် နိုင်ငံသားစီစစ်ရေးကတ်ပြားများပြုလုပ်ပေးခြင်းကို ယနေ့နံနက်(၉:၀၀)နာရီအချိန် အမှတ်(၅)ရပ်ကွက်ရုံးတွင်သွားရောက်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မိတ္ထီလာမြို့နယ် ရေဝေကျေးရွာရှိ ရေဝေစျေးတွင် စျေးရုံတည်ဆောက်ခြင်းလုပ်ငန်း ရာနှုန်းပြည့်ပြီးစီး
Nov 03,2022
မန္တလေးတိုင်းဒေသကြီး ၊ မိတ္ထီလာမြို့နယ် ရေဝေကျေးရွာရှိ ရေဝေစျေးတွင် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်၌ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ စျေးရုံတည်ဆောက်ခြင်းလုပ်ငန်း ရာနှုန်းပြည့် ပြီးစီးပြီဖြစ်ကြောင်း သိရသည်။
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက Mobile library စနစ်ဖြင့် အခမဲ့ငှားရမ်းပေး
Nov 03,2022
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မင်းပြားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုံးဝန်ထမ်းများက ဌာနဆိုင်ရာဝန်ထမ်းများနှင့်ပြည်သူလူထုအား အသိပညာဗဟုသုတတိုးပွားစေ‌ရေးအတွက် စာအုပ်စာစောင်များငှားရမ်းနိုင်ရန် Mobile libraryကို ယနေ့ နေ့လယ်၁ နာရီအချိန်က မင်းပြားမြို့နယ်မြန်မာ့ဖွံ့ဖြိုးရေးဘဏ်၌  စာအုပ်စာစောင်များကိုအခမဲ့ငှားရမ်းပေးလျက်ရှိသည်။
ဟိုပုံးမြို့၌ အမှတ်(၁)အခြေခံပညာအထက်ကျောင်းမိသားစုမှ ကထိန်သင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်း
Nov 03,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် အမှတ်(၁)အခြေခံပညာအထက်ကျောင်းရှိ ကျောင်းအုပ်ဆရာမကြီး၊ ဆရာ/ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများဖြစ်ကြသည့် ပညာရေးမိသားစုတို့မှ ကထိန်သင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခြင်းကို ယနေ့နံနက် ၉ နာရီအချိန်က မွေတော်ကျောင်းပရိယတ္တိစာသင်တိုက်တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။