မိုင်းရှူးမြို့နယ်တွင် စီမံခန့်ခွဲမှုစွမ်းဆောင်ရည်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲ (ဆင့်ပွား)သင်တန်း ဖွင့်လှစ်

မိုင်းရှူး နိုဝင်ဘာ ၃

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် မြို့နယ်အဆင့် ထက်၊ လယ်၊ မူ ကျောင်းအုပ်ဆရာ၊ ဆရာမကြီးများ စီမံခန့်ခွဲမှုစွမ်းဆောင်ရည်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲ (ဆင့်ပွား)သင်တန်းကို ယနေ့ နံနက်(၉)နာရီက အခြေခံပညာ အထက် တန်းကျောင်း ခရေဆောင်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ သင်တန်းတွင် မြို့နယ်ပညာရေးမှူး ဦးကျော်ထွန်းက အလုပ်ရုံဆွေးနွေးပွဲ ကျင်းပရခြင်း၏ ရည်ရွယ်ချက်နှင့် ပညာ‌‌ရေးဝန်ကြီး၏ လမ်းညွှန်မှာကြားချက်များ ထပ်ဆင့် ရှင်းလင်းပြောကြားခဲ့ပြီး မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ အထက်တန်း ကျောင်းအုပ် (၃)ဦး၊ အလယ်တန်းကျောင်းအုပ် (၅)ဦး၊ မူလတန်းကျောင်းအုပ် (၆၄)ဦး၊ စုစုပေါင်း(၇၂)ဦး တက်ရောက်ခဲ့ကြောင်းနှင့် သင်တန်းတွင် စီမံ၊ ဘဏ္ဍာနှင့် ပညာ ရေးဆိုင်ရာ ဘာသာရပ်များကို နိုဝင်ဘာ၃ရက်မှ ၄ရက်နေ့အထိ နေ့စဉ် နံနက်(၉)နာရီမှ ညနေ(၄) နာရီအထိ နှစ်ရက်ကြာ မြို့နယ်ပညာရေးမှူး ဦးကျော်ထွန်းက ဆွေးနွေးပို့ချ ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

သန်းလူ(ပြန်/ဆက်)