သတင်းများ

ဝါးခယ်မမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးရာနှုန်းပြည့် ထိုးနှံနိုင်ရေးကွင်းဆင်းဆောင်ရွက်
Apr 07,2022
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်တွင် Mobile Team အဖွဲ့များဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးရာနှုန်းပြည့် ထိုးနှံနိုင်ရေးအတွက် မြို့ပေါ်ရပ်ကွက် နေပြည်သူများ၊ ကျေးရွာနေပြည်သူများတွင် အသက် ၁၈ ပြည့်ပြီသူတိုင်း တစ်ဦးတစ်ယောက်မကျန် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးအပြီးအစီးထိုး နှံနိုင်ရေးကို ယနေ့နံနက် ၉ နာရီအချိန်တွင် ကွင်းဆင်းဆောင်ရွက်လျက်ရှိကြောင်းသိရသည်။
ပြင်စလူမြို့၌ Book Club အဖွင့်ဝင်များနှင့် လက်တစ်ကမ်းမှ ရွှေနည်းလမ်းများစာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပ
Apr 07,2022
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ ပြင်စလူမြို့တွင် Book Club အဖွဲ့ဝင်များက လက်တစ်ကမ်းမှ ရွှေနည်းလမ်းများ စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယမန်နေ့နံနက် ၁၁နာရီအချိန်က ပြင်စလူမြို့ပြန်ကြား ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်း မ၌ကျင်းပခဲ့ကြောင်း သိရသည်။
လေးမျက်နှာမြို့နယ်တွင် ကျန်းမာရေးအကြောင်း သိကောင်းစရာအသိပညာပေး (Talk Show) ပြုလုပ်
Apr 07,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေး ဦးစီးဌာန Community Centreခန်းမတွင် မြို့နယ်ကျန်းမာရေးဦးစီးဌာနနှင့် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာနတို့ပူးပေါင်း၍ ယနေ့နေ့လည်ပိုင်း၌ ကျန်းမာရေး အကြောင်း သိကောင်းစရာများ အသိပညာပေး (Talk Show) ပြုလုပ်ခဲ့သည်။
ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့် မြိတ်မြို့နယ်ရှိ တက္ကသိုလ်ဝင်စာမေးပွဲ ကျင်းပနေမှု ကြည့်ရှုအားပေးပြီး မြိတ်တက္ကသိုလ်ဝန်ထမ်းများအား သွား‌ရောက်တွေ့ဆုံ
Apr 07,2022
ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်သည် တနင်္သာရီတိုင်းဒေသကြီး လူမှုရေးရာဝန်ကြီး ဦးယဉ်ထွေး၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက တက္ကသိုလ်ဝင်စာမေးပွဲကို ကျောင်းသား/သူများ စိတ်အေးချမ်းသာစွာ ဆက်လက် ဖြေဆိုနေမှုအား လိုက်လံကြည့်ရှုခဲ့ကြပြီး မြိတ်တက္ကသိုလ် ဝန်ထမ်းများအား တွေ့ဆုံခဲ့သည်။
သာပေါင်းမြို့နယ် စာစစ်ဌာန(၆)ခုတိုတွင် သတ္တမနေ့ တက္ကသိုလ်ဝင်တန်းစာမေးပွဲ ပထဝီဝင်ဘာသာ အေးချမ်း တည်ငြိမ်စွာဆက်လက်ဖြေဆို
Apr 07,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်တွင် ယနေ့ ဧပြီလ ၇ ရက်နေ့ နံနက် ၉ နာရီအချိန် မှ စတင်၍ စာစစ်ဌာန(၆)ခုတို့တွင် သတ္တမနေ့ တက္ကသိုလ်ဝင်တန်း စာမေးပွဲ ပထဝီဝင်ဘာသာများကို အေးချမ်း တည်ငြိမ်စွာ ဆက်လက်ဖြေဆိုနေကြသည်။
ပုဗ္ဗသီရိမြို့နယ်တွင် တက္ကသိုလ်ဝင်စာမေးပွဲ ပထဝီဝင်ဘာသာရပ်  ဆက်လက်ဖြေဆို
Apr 07,2022
၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ် စာစစ်ဌာန(၅)ခု၌  ပထဝီဝင်ဘာသာရပ်ကို ကျောင်းသား၊ ကျောင်းသူများ ဖြေဆိုပြီးစီးခဲ့ကြောင်း သိရသည်။
ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ‌ဒေသ ဟိုပုံးမြို့နယ် ကုန်းကျိုင်းကျေးရွာအုပ်စုတွင် နွေစပါး စတင်စိုက်ပျိုး
Apr 07,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ် ကုန်းကျိုင်းကျေးရွာအုပ်စုတွင် နွေစပါးစတင်စိုက်ပျိုးလျက်ရှိကြောင်း သိရသည်။
ကသာမြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူများက ပထဝီဝင်ဘာသာရပ်ကို ဆက်လက်ဖြေဆို
Apr 07,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့နယ်၌ ကျောင်းသား၊ ကျောင်းသူများက ၂၀၂၁-၂၀၂၂ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲ (ပထဝီဝင် ဘာသာရပ်)ကို ဧပြီလ(၇)ရက်နေ့၊ နံနက်(၉) နာရီအချိန်မှစ၍ အေးချမ်းစွာ ဆက်လက်ဖြေဆိုခဲ့ကြောင်း သိရသည်။