သတင်းများ

ဗဟန်းမြို့နယ်၌ ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ပထဝီဝင်ဘာသာရပ်အား ကျောင်းသားကျောင်သူများ အေးချမ်းစွာ ဖြေဆို
Apr 07,2022
၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲကို မြန်မာတစ်နိုင်ငံလုံးရှိ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ အခြေခံပညာအထက်တန်းကျောင်းများ၌ ကျင်းပလျက်ရှိရာ ယနေ့နံနက် ၉ နာရီ မှ ၁၂ နာရီအထိ သတ္တမနေ့အဖြစ် ပထဝီဝင်ဘာသာရပ်ကို ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အနောက်ပိုင်းခရိုင် ဗဟန်းမြို့နယ်အတွင်းရှိ ၂၀၂၂ခုနှစ်l တက္ကသိုလ်ဝင်စာမေးပွဲကို ကျောင်းတွင်း၊ကျောင်းပြင် ဖြေဆိုသူ ကျောင်းသား၊ကျောင်းသူများ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၌ ဖြေဆိုရာတွင် ကျောင်းသား (၁၂)ဦး၊ ကျောင်းသူ (၉) ဦး စုစုပေါင်း(၂၁)ဦး ဝင်ရောက်ဖြေဆိုခဲ့ကြောင်း သိရသည်၊၊
သာယာဝတီမြို့၌ မီးဘေးအန္တရာယ်ကြိုတင် ကာကွယ်ရေး အသိပညာပေး ဟောပြောပွဲနှင့် သရုပ်ပြခြင်းများ ဆောင်ရွက်
Apr 07,2022
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့၌ ယနေ့ မွန်းလွှဲ ၁ နာရီက မီးဘေးအန္တရာယ်ကြိုတင် ကာကွယ်ရေး အသိပညာပေး ဟောပြောပွဲကို ကုန်းလမ်း ပို့ဆောင်ရေး ညွှန်ကြားမှူး ဦးစီးဌာန (က.ည.န) ရုံးတွင် ကျင်းပသည်။
ရုံးချုပ်မှ မြန်မာတစ်နိုင်ငံလုံးအတိုင်းအတာဖြင့် (၃)လလျှင်တစ်ကြိမ် ပုံပြင်ပြောပြိုင်ပွဲတွင် ဒုတိယဆုရရှိသည့် ကျောင်းသူအား ဆုချီးမြှင့်
Apr 07,2022
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမတွင် ယနေ့ မွန်းလွဲ (၁)နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (ရုံးချုပ်)မှ မြန်မာတစ်နိုင်ငံလုံး အတိုင်းအတာဖြင့် (၃)လလျှင်တစ်ကြိမ်  ပုံပြင်ပြောပြိုင်ပွဲများကို ကျင်းပပေးလျက်ရှိရာ အဆိုပါပြိုင်ပွဲတွင် ဒုတိယဆု ရရှိသည့်  ကော့ကရိတ်ခရိုင်ကိုယ်စားပြု ကျောင်းသူ တစ်ဦးအား ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်ခင်လေးနွယ်က ဆုချီးမြှင့် ပေးခဲ့ကြောင်းသိရသည်။
တံတားမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ စာဖတ်ရှိန်မြှင့်တင်ရေးအတွက် စာဖတ်ဝိုင်းပြုလုပ်ကျင်းပ
Apr 07,2022
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ တံတားမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် စာပေဝါသနာရှင်များနှင့် စာပေချစ်မြတ်နိုးသူများအသင်း (Book Club) အဖွဲ့ဝင် နှင့် (Women Club) အဖွဲ့ဝင်များပူးပေါင်း၍ အများပြည်သူများ အသိပညာ ဗဟုသုတတိုးပွားလာစေရန်၊ ကိုယ်ပိုင်စာဖတ်ချိန်မရှိသူများတွက် စာဖတ်ခွင့် မဆုံးရှုံးစေရန်၊ တစ်ဦးနှင့်တစ်ဦး စာပေဗဟုသုတများ အပြန်အလှန် ဆွေးနွေးတတ်သည့် အလေ့အကျင့်များ ရရှိစေရန်၊ စာဖတ်ရှိန်မြှင့်တင်နိုင်ရေးအတွက် ရည်ရွယ်၍ စာရေးဆရာ အောင်သင်းရေးသားသည့် “အတွေ့အကြုံနှင့် အတွေးအကြံ” စာအုပ်ဖြင့် ယနေ့နံနက် (၁၀)နာရီအချိန်က စာဖတ်ဝိုင်းကို ကျင်းပပြုလုပ်ခဲ့သည်။
ခမောက်ကြီးမြို့တွင် အတွဲ(၂)ဝိဇ္ဇာတွဲ ကျောင်းသား၊ ကျောင်းသူများ ပထဝီဝင်ဘာသာရပ် ဖြေဆို ပြီးစီး
Apr 07,2022
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ခမောက်ကြီးမြို့တွင် ၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်ခွင့်စာမေးပွဲ သတ္တမနေ့အဖြစ် အတွဲ(၂)ဝိဇ္ဇာတွဲ ကျောင်းသား၊ ကျောင်းသူများမှ ပထဝီဝင်ဘာသာရပ်ကို အေးချမ်းစွာဖြင့် ဖြေဆိုပြီးစီးခဲ့ကြောင်း သိရသည်။
မြောင်းမြမြို့တွင် တက္ကသိုလ်ဝင်စာမေးပွဲ ပထဝီဘာသာရပ် ဆက်လက်ဖြေဆို ပြီးစီး
Apr 07,2022
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့တွင် ယနေ့နံနက်(၉)နာရီမှစ၍ နေ့လယ်(၁၂)နာရီထိ ၂၀၂၁-၂၀၂၂ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ပထဝီ ဘာသာရပ်များကို အေးချမ်းစွာ ဆက်လက် ဖြေဆို ပြီးစီးခဲ့သည်။
မိုးကောင်းမြို့၌ မွေးစမှ ၂ နှစ်အောက်ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံပေး
Apr 07,2022
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့၌ မိခင်နှင့်ကလေးကျန်းမာရေးဌာနက မွေးစမှ ၂ နှစ်အောက်ကလေးငယ်များအား ကာကွယ်ဆေးထိုးနှံပေးခြင်းကို ဧပြီ ၇ ရက်နံနက်(၉)နာရီတွင် အဆိုပါဌာန၌ ဆေးထိုး၊ ဆေးတိုက်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
တောင်ကုတ်မြို့နယ်တွင် တက္ကသိုလ်ဝင်စာမေးပွဲ ဝိဇ္ဇဘာသာတွဲ ပထဝီဝင်ဘာသာရပ်ကိုဆက်လက်ဖြေဆို
Apr 07,2022
ရခိုင်ပြည်နယ်၊တောင်ကုတ်မြို့နယ်၌ ၂၀၂၁-၂၀၂၂ ပညာသင်နှစ်၊တက္ကသိုလ်ဝင်စာမေးပွဲကို စာစစ် ဌာန (၇)ခုဖွင့်လှစ်၍ မတ်လလ(၃၁)ရက်နေ့မှစ၍ဖြေဆိုလျက်ရှိရာ ယနေ့နံနက်တွင် ဝိဇ္ဖဘာသာတွဲ ပထဝီဝင် ဘာသာရပ်ကို ဆက်လက်ဖြေဆိုလျက်ရှိကြောင်း သိရသည်။