ချောင်းဆုံ နိုဝင်ဘာ ၃
မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်တွင် စိုက်ပျိုးရေးဦးစီးဌာနမှ ဦးဆောင်၍ မိုးစပါးစံကွက်ရိတ်သိမ်းပွဲကို ယမန်နေ့က တောင်စွန်းကျေးရွာ ကွင်းအမှတ် (၆၅၉/A) စံပြစပါး စိုက်ခင်းတွင် ကျင်းပခဲ့ရာ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီးအရာရှိနှင့် ဝန်ထမ်းများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် ဒေသခံတောင်သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
အဆိုပါ ရိတ်သိမ်းပွဲတွင် စံပြစပါးစိုက်ခင်း ပေါ်ဆန်းရင်စပါး (၄) ဧက ရိတ်သိမ်းခဲ့ရာ (၁)ဧက လျှင် ပေါ်ဆန်းရင်စပါး အစို (၇၀) တင်းနှုန်း ရရှိပြီး စပါးအခြောက်ဖြစ်ပါက (၆၇) တင်းနှုန်း ထွက်ရှိ ကြောင်း နှင့် မြို့နယ်အတွင်း စံကွက်အဖြင့် စိုက်ပျိုးထားသည့် အခြားကျေးရွာများရှိ စိုက်ဧကများတွင်လည်း ဆက်လက်ရိတ်သိမ်းသွားမည်ဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနမှ သိရသည်။
မြို့နယ် (ပြန်/ဆက်)