ပုသိမ်ကြီးမြို့နယ်ပြည်သူ့စာကြည့်တိုက်တွင်အမျိုး သမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး အသိပညာပေးဆွေးနွေးပွဲပြုလုပ်

ပုသိမ်ကြီး  နိုဝင်ဘာ  ၃

မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာဇံခရိုင်၊ ပုသိမ်ကြီးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်တွင် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေးအသိပညာပေးဆွေးနွေးပွဲကို ယနေ့နံနက်(၁၁)နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

 အဆိုပါအသိပညာပေး ဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူးမှ တက်ရောက်လာသူများအား ဆွေးနွေးပွဲပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များအား ရှင်းလင်း ပြောကြားခဲ့ပြီးတက်ရောက်လာသည့် စာဖတ်ပရိတ်များကို စာအုပ်စာစောင် ချစ်မြတ် နိုးသူများအသင်းနှင့် Book Club အဖွဲ့ဝင် မမျိုးငယ်နှင့်ဒေါ်ချောစုတို့က အမျိုးသမီးများအပေါ် အကြမ်းဖက်မှုနှင့်ပတ် သက်၍ အမျိုးသမီးများအားမတရား ခိုင်းစေခြင်းများ၊ ဖိနှိပ်ချုပ်ချယ်ခြင်းနှင့်ညှင်း ပန်းနှိပ်စက်ခြင်းများအပြင် လုပ်အားခများကိုအမြတ်ထုတ်ခေါင်းပုံ ဖြတ်ခြင်းတို့နှင့်ပတ်သက်၍ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရေးဆွေးနွေး​ပေးခဲ့ကြ​သည်။

 အဆိုပါ ဆွေးနွေးပွဲသို့ စာပေချစ်မြတ်နိုးသူများနှင့် Book Club အဖွဲ့၀င်များစာကြည့်တိုက် အသုံးပြုသူ စာဖတ်ပရိသတ်များ တက်ရောက်ခဲ့ကြကြောင်းသိရသည်။

 မြို့နယ်(ပြန်/ဆက်)