မြောင်းမြမြို့အတွင်း ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ရာနှုန်းပြည့်ထိုးနှံပြီးစီးရေးအတွက် Mobile Team စနစ်ဖြင့် လိုက်လံထိုးနှံပေး
Apr 08,2022
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ရာနှုန်းပြည့် ထိုးနှံပြီးစီးရေးအတွက် ကာကွယ်ဆေးထိုးနှံရန် ကျန်ရှိသည့် အသက်(၁၈)နှစ်နှင့်အထက် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (COVISHIELD) အမျိုးအစားကို ရပ်ကွက်ကျေးရွာများရှိ ပြည်သူများထံသို့အရောက် Mobile Team စနစ်ဖြင့် လိုက်လံထိုးနှံပေးလျက်ရှိရာ မြို့ပေါ်ရပ်ကွက်များဖြစ်သော မြကန်သာရပ်ကွက်၊ ကံ့ကော်မြိုင်ရပ်ကွက်၊ မရမ်းကုန်းရပ်ကွက်များသို့လည်းကောင်း၊ ငါးတန်တစ်ရာကျေးရွာ၊ ပကိတ်ကြီးကျေးရွာများသို့လည်းကောင်း အဖွဲ့များခွဲပြီး ကွင်းဆင်းကာကွယ်ဆေးထိုးခြင်းများကို ယမန်နေ့ နံနက် (၉)နာရီအချိန်ကစ၍ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။