သတင်းများ

ပုဇွန်တောင်မြို့နယ်တွင် အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး(မွမ်းမံ)သင်တန်းဖွင့်ပွဲကျင်းပ
Nov 03,2022
ရန်ကုန်တိုင်းဒေသကြီး၊ ပုဇွန်တောင်မြို့နယ်ရှိ အရန်မီးသတ်တပ်ဖွဲ့ဝင်များအား ယခင်ကထက် မီးသတ်စွမ်းရည်၊ ရှာဖွေကယ်ဆယ်ရေးစွမ်းရည်များ ပိုမိုကျွမ်းကျင်စွာ အသုံးပြုနိုင်စေရန် ရည်ရွယ်၍ ယမန်နေ့မွန်းလွဲ(၃)နာရီက မြို့နယ်အရန်မီးသတ်တပ်ဖွဲ့ဝင်များလေ့ကျင့်ရေး(မွမ်းမံ)သင်တန်းဖွင့်ပွဲ အခမ်းအနားကို ပုဇွန်တောင်မြို့နယ်မီးသတ်စခန်း၌ ကျင်းပပြုလုပ်ခဲ့သည်။
ဖျာပုံမြို့၌ အသက်မွေးဝမ်းကျောင်း အထောက်အကူပြု အလှပြင်သင်တန်းဖွင့်ပွဲကျင်းပ
Nov 03,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြည်လည်နေရာ ချထားရေးဝန်ကြီးဌာန၊ လူမှု ဝန်ထမ်းဦးစီးဌာနအနေဖြင့် ပထမဦးဆုံး ဖွင့်လှစ်သင်ကြားမည့် ဖျာပုံမြို့ အိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာ သင်ကျောင်းနှင့် PTTEP International Limited (Yangon Branch) and Andaman Transporttation Limited တို့ ပူးပေါင်းဖွင့်လှစ်သော အသက်မွေး ဝမ်းကျောင်း အထောက်အကူပြု "အလှပြင်သင်တန်း ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နေ့လယ် (၂)နာရီအချိန်က ဖျာပုံမြို့ အိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်ကျောင်းခန်းမ၌ ကျင်းပပြုလုပ်သည်။
မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမောင်ကို သာစည်မြို့ အောက်ဆီဂျင်စက်ရုံ တက်ရောက်ဖွင့်လှစ်ပေး
Nov 03,2022
သာစည်မြို့နယ်အတွင်းရှိ ပြည်သူများအား အောက်ဆီဂျင် လုံလောက်စွာ ရရှိနိုင်ရေးအတွက် ရည်ရွယ်၍ အောက်ဆီဂျင်စက်ရုံ တည် ဆောက်ထားရှိရာ အောက်ဆီဂျင်စက်ရုံဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၈ နာရီက အမှတ် (၁)၊ မင်းရန်နိုင်ရပ်ကွက်ရှိ အဆိုပါ အဆောက်အဦးရှေ့တွင် ကျင်းပပြုလုပ်ရာ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမောင်ကို တက်ရောက် ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။
လယ်ဝေးမြို့နယ်လုံးဆိုင်ရာ ဒုတိယအကြိမ် အသံမစဲမဟာပဋ္ဌာန်းမြတ် ရွတ်ဖတ်ပူဇော်ပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပ
Nov 03,2022
နေပြည်တော်ကောင်စီမှ ကြီးမှူးကျင်းပပူဇော်သည့် လယ်ဝေးခရိုင်၊ လယ်ဝေးမြို့နယ်လုံးဆိုင်ရာ ဒုတိယအကြိမ် အသံမစဲမဟာပဋ္ဌာန်းမြတ် ရွတ်ဖတ်ပူဇော်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်(၁၀)နာရီက လယ်ဝေးမြို့၊ အေလာ၊ သရက်တောကျောင်းတိုက်၌ကျင်းပသည်။
လောင်းလုံး မြို့နယ်၌ (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အကြို စက္ကူခေါက်ပြိုင်ပွဲ ကျင်းပ
Nov 03,2022
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး၊ လူထုအခြေပြုဗဟိုဌာန Community Centreတွင် ကျောင်းသား၊ ကျောင်းသူများအား ဥာဏ်ရည်ရည်သွေး ထက်မြက်စေရန်နှင့် (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် အကြိုစက္ကူ ခေါက်ပြိုင်ပွဲကို ယမန်နေ့ညနေ( ၃)နာရီအချိန်ကကျင်းပခဲ့သည်။
မက်မန်းမြို့၌ အဘယကုန်းမြေရှိ အောင်တော်မူစင်္ကြာလာဘစေတည်တော်မြတ်၌ ပဌာန်းတရားတော်များ ရွတ်ဖတ်ပူဇော်ခြင်း အခမ်းအနားကျင်းပ
Nov 03,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်တိုင်း၊ မက်မန်းခရိုင်၊ မက်မန်းမြို့၌ အဘယကုန်းမြေရှိ အောင်တော်မူစင်္ကြာလာဘစေတည်တော်မြတ်၌ ပဌာန်းတရားတော်များ ရွတ်ဖတ်ပူဇော်ခြင်းအခမ်းအနားကို  ယနေ့နံနက်(၉)နာရီက ကျင်းပသည်။
ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်တွင် မြို့နယ်လုံးဆိုင်ရာစုပေါင်းမဟာဘုံကထိန် သင်္ကန်းဆက်ကပ်လှူဒါန်းပွဲကျင်းပ
Nov 03,2022
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်တွင်  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ကြီးကြပ်မှုဖြင့် မြို့နယ်လုံးဆိုင်ရာစုပေါင်းမဟာဘုံကထိန် သင်္ကန်းဆက်ကပ်လှူဒါန်းပွဲကို ယနေ့နံနက်(၁ဝး၀၀)နာရီအချိန်က  ရှေးဟောင်းသမိုင်းဝင်အတုလအောင်ဇေယျုံ ဦးဖိုးလှဆုတောင်းပြည့်စေတီတော် ဓမ္မာရုံတော်ကြီးတွင် ကျင်းပပြုလုပ်ခဲ့သည်။
ပခုက္ကူမြို့၌ အခြေခံပညာ အထက်တန်း၊ အလယ်တန်း၊ မူလတန်း ကျောင်းအုပ်ကြီးများ စီမံခန့်ခွဲမှုစွမ်းဆောင်ရည်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲပြုလုပ်
Nov 03,2022
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့တွင် အခြေခံပညာ အထက်တန်း၊ အလယ်တန်း၊ မူလတန်းကျောင်းအုပ်ကြီးများ စီမံခန့်ခွဲမှုစွမ်းဆောင်ရည်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီခွဲ အချိန်ကပခုက္ကူမြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း အစည်းအဝေးခန်းမတွင် ပြုလုပ်သည်။