သတင်းများ

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြည်သူများအား မိုဘိုင်းစနစ်ဖြင့် စာအုပ်စာစောင်များအားငှားရမ်းပေး
Apr 08,2022
ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကြာအင်းဆိပ်ကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနမှ မိဘပြည်သူများအား စာပေဗဟုသုတများ တိုးပွားလာစေရေး ကိုယ်တိုင်တွေးခေါ် စဉ်းစားဆုံးဖြတ် တတ်လာစေရေး အတွေးအခေါ်အမျှော်အမြင်များ တိုးပွားရရှိလာစေရေးနှင့် စာအုပ် စာစောင်များအား နေ့စဉ်ဖတ်ရှုလေ့လာတတ်သော အလေ့ အကျင့်ကောင်းများရရှိလာစေရေးအတွက်ရည်ရွယ်ပြီး ရပ်ကွက်များ အတွင်းသို့ ကွင်းဆင်း သွားရောက်ကာ မိုဘိုင်းစနစ်ဖြင့် အိမ်တိုင်ရာရောက် သုတ ရသ စာအုပ် စာစောင်များအား စနစ်တကျငှားရမ်းပေးလျက်ရှိကြောင်း သိရသည်။
စစ်ကိုင်းမြို့နယ် ဆင်တပ်ကျေးရွာတွင် မိုးသီးနှံများအတွက် အသုံးပြုရန် စပါးခွံပေါင်းခံရည် ပြုလုပ်သုံးစွဲနည်း လက်တွေ့ပြသ
Apr 08,2022
စစ်ကိုင်းမြို့နယ် စိုက်ပျိုးရေး ဦးစီးဌာနမှကြီးမှူး၍ ဆင်တပ်ကျေးရွာရှိ မိုးသီးနှံစိုက် တောင်သူများ မိုးသီးနှံများတွင် အသုံးပြုနိုင်ရန် စပါးခွံပေါင်းခံရည် ပြုလုပ်သုံးစွဲနည်း လက်တွေ့သရုပ်ပြသခြင်းကို ယနေ့နံနက် ၉ နာရီက အဆိုပါကျေးရွာတွင် ပြသပေးခဲ့ကြောင်း သိရသည်။
မိုင်းခုတ်မြို့၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ စာအုပ်ပြပွဲနှင့် စာဖတ်ဝိုင်း ကျင်းပ
Apr 08,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာနသည် အများပြည်သူများ အသိပညာဗဟုသုတ တိုးပွားရရှိစေရန်၊ အမှားနှင့် အမှန်ဝေဖန် ပိုင်းခြားတတ်စေရန်နှင့် စာဖတ်သည့်အလေ့အထရရှိစေရန် ရည်ရွယ်၍ ယနေ့ နံနက် ၁၀ နာရီခွဲက အဆိုပါရုံးရှိ လူထု အခြေပြုဗဟိုဌာန(Commmunity Centre)ခန်းမ၌ စာအုပ်ပြပွဲကျင်းပပြုလုပ်ရာ စာပေဝါသနာပါသူများ လာရောက်ဖတ်ရှု့လေ့လာခဲ့ကြောင်းသိရသည်။
မင်းလှမြို့နယ်တွင် ၂၀၂၂-ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ သမိုင်းဘာသာရပ်ဖြေဆို
Apr 08,2022
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် ၂၀၂၂-ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲ သမိုင်းဘာသာရပ်ကို မြို့နယ်အတွင်းရှိ စာစစ်ဌာန (၅)ခု၌ ယနေ့နံနက်(၉)နာရီတွင် ကျောင်းသား/ ကျောင်းသူများ အေးချမ်းစွာဖြေဆိုကြသည်။
ကြံခင်းမြို့နယ်တွင် ၂၀၂၂ ခုနှစ် နွေရာသီအားကစားသင်တန်းဆင်းပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပ
Apr 08,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ကြံခင်းမြို့နယ်တွင် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ အခြေခံအားကစားနည်းများ သိရှိတတ်မြောက်စေရန်ရည်ရွယ်ပြီး ၂၀၂၂ ခုနှစ် နွေရာသီအားကစားသင်တန်းဆင်းပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့နံနက် (၇)နာရီခွဲအချိန်က ကြံခင်းမြို့နယ် အားကစားခန်းမတွင် ကျင်းပခဲ့သည်။
ကျုံပျော်မြို့ Community Centre ခန်းမတွင်  စာဖတ်ဝိုင်း‌ ဆွေးနွေးပွဲကျင်းပပြုလုပ်
Apr 08,2022
လူငယ်များ စာဖတ်ရှိန်မြင့်မား‌ရေး၊ အသိပညာဗဟုသုတ တိုးပွားစေရေးကို ရည်ရွယ်၍ ဧရာဝတီ တိုင်းဒေသကြီး၊ ကျုံပျော်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြု ဗဟိုဌာန(Community Centre) ခန်းမတွင် Youth Club အဖွဲ့ဝင်များနှင့် စာဖတ်ဝိုင်း ဆွေးနွေးပွဲကို ယနေ့နံနက် ၁၁ နာရီက ပြုလုပ်သည်။
ကနီမြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကဒ်ပြားများ ဆောင်ရွက်ပေး
Apr 08,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ကနီမြို့ အမှတ်(၁)ရပ်ကွက်အတွင်းရှိ အသက် ၁၈ နှစ်ပြည့်၊အသက် ၁၀ နှစ်ပြည့်မှ အသက် ၁၈ ပြည့်နိုင်ငံသားစိစစ်ရေးကဒ်ပြားများ လဲလှယ်ပေးခြင်းနှင့် နိုင်ငံသားစိစစ်ရေးကဒ်ပြား ပျောက်ဆုံး/ပျက်စီးသူများအား မြို့နယ်လူ၀င်မှု ကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာ ဦးစီးဌာနရုံး၌ ၂၀၂၂ ခုနှစ် ဧပြီလ ၇ ရက်နေ့တွင် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကဒ်ပြားများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
မြန်အောင်မြို့နယ်၌ ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ သမိုင်းဘာသာရပ်အား ကျောင်းသား ကျောင်းသူများ ဆက်လက်ဖြေဆို
Apr 08,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ မြန်အောင်မြို့နယ်တွင် ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ သမိုင်းဘာသာရပ်ကို ယနေ့နံနက်က ကျောင်းသား ကျောင်းသူများ အေးချမ်းစွာ ဆက်လက်ဖြေဆိုပြီးစီးကြောင်း သိရသည်။