မြို့နယ်အဆင့် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီနှင့် အမျိုးသမီးကော်မတီ အစည်းအဝေးပြုလုပ်

လှိုင်းဘွဲ နိုဝင်ဘာ

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ မြို့နယ်အဆင့် ကလေးသူငယ်များဆိုင်ရာကော်မတီနှင့် အမျိုးသမီးကော်မတီအစည်းအဝေးကို  မြိုနယ်ကော်မတီဝင်များ၊ ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေး မှူးများ၊ စာရေးဝန်ထမ်းများဖြင့် ယနေ့နံနက် ၉ နာရီအချိန်က ပြုလုပ်ကျင်းပခဲ့သည်။

အဆိုပါ အစည်းအဝေးတွင် မြို့နယ် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီနှင့် အမျိုးသမီးကော်မတီဥက္ကဋ္ဌ ဦးဝင်းသန်းမှ အစည်းအဝေး ပြုလုပ်ကျင်းပရခြင်း၏ ရည်ရွယ်ချက်များကို တက်ရောက်လာကြသူများအား အဖွင့်အမှာစကားအဖြင့် ရှင်းလင်း ပြောကြားခဲ့သည်။ ထို့နောက် မြို့နယ်ကလေးသူငယ်များဆိုင်ရာကော်မတီနှင့် အမျိုးသမီးကော်မတီ အတွင်းရေးမှူး ဦးစိုင်းရန်နောင်မှ ကလေးသူငယ်အခွင့်အရေးများနှင့် အမျိုးသမီးကိစ္စရပ်များ ဖြစ်သည့် ကုလသမဂ္ဂကလေးသူငယ် အခွင့်အရေးများဆိုင်ရာ သဘောတူစာချုပ် (UNCRC) အကြောင်း၊ ၂၀၁၉ ခုနှစ်၊ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေပါ ပြဋ္ဌာန်းချက်များနှင့် ပြစ်မှု၊ ပြစ်ဒဏ်များအကြောင်း၊ မြို့နယ်လူမှုဝန်ထမ်းရုံး၏ ကလေးသူငယ်ကိစ္စရပ်များနှင့် ပတ်သက်၍ လုပ်ငန်းဆောင်ရွက်ချက်များ၊ အမျိုးသမီးများနှင့် သက်ဆိုင်သည့် ကိစ္စရပ်များ အကြောင်း၊ CEDAW/NSPAW နောက်ခံသမိုင်းအကြောင်းအရာများကို Power Point ဖြင့်ရှင်းလင်းတင်ပြခဲ့သည်။

ထို့နောက် အစည်းအဝေးတက်ရောက်လာကြသည့် မြို့နယ်ကော်မတီဝင်များ၊ ရပ်ကွက်/ ကျေးရွာ အုပ်ချုပ်ရေးအဖွဲ့ဝင်များက ကလေး သူငယ်အခွင့်အရေးဆိုင်ရာနှင့် အမျိုးသမီးများ အခွင့်အရေး ဆိုင်ရာကိစ္စရပ်များကို အပြန်အလှန် ဆွေးနွေးညှိနှိုင်းတိုင်ပင်ခဲ့ကြကြောင်း သိရှိရသည်။

လင်းသန့်(ပြန်/ဆက်)