သတင်းများ

ကန့်ဘလူမြို့နယ်၌ တက္ကသိုလ်ဝင်စာမေးပွဲ သမိုင်းဘာသာရပ်ဖြေဆို
Apr 08,2022
စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ်၌ ၂၀၂၁- ၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ ကို မြို့နယ်အတွင်းရှိ စာစစ်ဌာန ငါးခုတွင် အဌမနေ့အဖြစ် သမိုင်းဘာသာရပ်ကို ကျောင်းသား ၁၁၀ ဦး၊ ကျောင်းသူ ၁၀၅ ဦး စုစုပေါင်း ၂၁၅ ဦး အေးချမ်းစွာဝင်ရောက်ဖြေဆိုလျက်ရှိကြောင်း သိရသည်။
ပင်းတယမြို့ရှိ ရှေးဟောင်းသမိုင်းဝင် ပုန်းတလုတ်ရေကန် ရေတိမ်ကောသွားမှုမရှိစေရန် ရေဖြည့်သွင်းခြင်းများ စတင်ဆောင်ရွက်
Apr 08,2022
နွေရာသီ ရေရှားပါးသည့်အချိန်  ပင်းတယမြို့လယ်ရှိရှေးဟောင်း သမိုင်းဝင် ပုန်းတလုတ် နတ်ရေကန်အတွင်း ရေခမ်းခြောက်မှု မဖြစ်စေရန် ရည်ရွယ်၍ မြို့၏ အနောက်မြောက်တောင်ခြေရှိ သဘာဝဇော်ဂျီရေထွက်ချောင်းမှရေများအား  ရေကန်အတွင်းသို့ ရေသွင်းပိုက်များဖြင့် ရေဖြည့်တင်း ဆောင်ရွက်မှုများကို ယမန်နေ့  နေ့လည်ပိုင်းမှ စတင်ဆောင်ရွက်လျက်ရှိသည်။
ရမည်းသင်းမြို့နယ်၌ ၂၀၂၁- ၂၀၂၂ ပညာသင်နှစ်တက္ကသိုလ်ဝင်စာမေးပွဲ သမိုင်းဘာသာရပ် အေးချမ်းစွာဖြေဆို
Apr 08,2022
မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းမြို့နယ်၌ ၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ သမိုင်းဘာသာရပ်တို့ကို ယနေ့ နံနက်  ၉ နာရီက တက္ကသိုလ်ဝင် ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာ ဖြေဆိုလျက်ရှိကြောင်း သိရသည်။
စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမြတ်ကျော် နေကြာ မိုးကြိုဝါမျိုးစေ့များ ပေးအပ်ပွဲနှင့် နေကြာ စိုက်ပျိုးထုတ်လုပ်မှုပြပွဲ အခမ်းအနားသို့ တက်ရောက် အမှာစကားပြောကြား
Apr 08,2022
စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့မှ နေကြာ မိုးကြိုဝါ မျိုးစေ့များပေးအပ်ပွဲနှင့် နေကြာစိုက်ပျိုး ထုတ်လုပ်မှုပြပွဲ အခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၁ နာရီအချိန်က စစ်ကိုင်းတိုင်းဒေသကြီး စိုက်ပျိုးရေး ဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမြတ်ကျော် တက်ရောက်ခဲ့သည်။
သင်္ဃန်းကျွန်းမြို့နယ်၌ အသက် (၁၈) နှစ်အထက် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ရာနှုန်းပြည့်ထိုးနှံပေးနိုင်ရေး ဆောင်ရွက်
Apr 08,2022
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ သင်္ဃန်းကျွန်းမြို့နယ်အတွင်း၌ ကာကွယ်ဆေး ထိုးနှံခြင်းကို ရဟန်းရှင်လူ ပြည်သူများအား သက်ဆိုင်ရာ ဦးစားပေးအစီအစဉ်အလိုက် ဦးတည်အုပ်စုများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို ထိုးနှံပေးလျက်ရှိပြီး ရာနှုန်းပြည့် ထိုးနှံပေးနိုင်ရေး ဆောင်ရွက်လျက်ရှိရာ
ပိုင်ကျုံတိုက်နယ်ဆေးရုံတွင်ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး   ဆက်လက်ထိုးနှံပေး
Apr 08,2022
ကရင်ပြည်နယ်၊  ဘားအံခရိုင်၊ ပိုင်ကျုံမြို့တွင်   ကိုဗစ်-၁၉ရောဂါ    ကြိုတင်ကာကွယ် ထိန်း ချုပ်နိုင်စေရန်နှင့် ရောဂါပိုးကူးစက်ပြန့်ပွားမှုကို လျှော့နည်းစေရန် ရည်ရွယ်၍  ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးခြင်းကို ယနေ့နံနက်ပိုင်းက   ပိုင်ကျုံမြို့တိုက်နယ် ဆေးရုံ၌ ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ဖားကန့်ဒေသတွင် သဘာဝဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးမှု လျှော့ချနိုင်ရေးနှင့် ဒေသပြန်လည်စိမ်းလန်းစိုပြေရေးအတွက် သစ်ပင်စိုက်ပျိုးခြင်းလုပ်ငန်းကို စီမံချက်ရေးဆွဲ၍ အလေးထားလုပ်ဆောင်ရန်လိုအပ်
Apr 08,2022
ကချင်ပြည်နယ်အတွင်း ကမ္ဘာကျော်ကျောက်စိမ်းထွက်ရှိရာ ဒေသတစ်ခုဖြစ်သည့် ဖားကန့်ဒေသတွင် သဘာဝဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးမှုလျှော့ချနိုင်ရေးနှင့် ဒေသပြန်လည် စိမ်းလန်းစိုပြေရေးအတွက် သစ်ပင်စိုက်ပျိုးခြင်းလုပ်ငန်းကို စီမံချက်ရေးဆွဲ၍ အလေးထားလုပ်ဆောင်သွားရန် လိုအပ်ကြောင်း ယမန်နေ့ နံနက် ၁၀ နာရီခွဲတွင် ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ကျင်းပပြုလုပ်သည့် ဖားကန့်မြို့နယ်အတွင်း သဘာဝဘေးအန္တရာယ် တားဆီးကာကွယ်ရေးနှင့် ဥရုချောင်း ရှင်းလင်းရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က မှာကြားခဲ့ကြောင်း သိရှိရသည်။
နမ္မတူမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ မူလတန်းကြိုအဆင့် ကာယ ဉာဏစွမ်းရည်ပြိုင်ပွဲများ ကျင်းပ
Apr 08,2022
ပြန်ကြားရေးဝန်ကြီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊  ရှမ်းပြည်နယ် (မြောက် ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်ရုံးနှင့် ပန်ဟိုက်ရပ်ကွက် (၄)ရှိ မူလတန်း ကြိုကျောင်းတို့ ပူးပေါင်း၍ မူလတန်းကြိုအဆင့် ကာယဉာဏစွမ်းရည်ပြိုင်ပွဲများကို ယမန်နေ့ မွန်းလွဲ (၁)နာရီအချိန်က နမ္မတူမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။