ချောင်းဆုံမြိုန့ယ်တွင် (၃၂)ကြိမ်မြောက် ဝန်ထမ်းပေါင်းစုံ မဟာဘုံကထိန်လှည့်လည်ခြင်းနှင့် ကထိန်သင်္ကန်းဆက်ကပ်လှူဒါန်းခြင်းကို စည်ကားသိုက်မြိုက်စွာကျင်းပ

ချောင်းဆုံ      နိုဝင်ဘာ        ၃

မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ ချောင်းဆုံမြို့နယ်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူး၏ဦးဆောင်မှုဖြင့် (၃၂)ကြိမ်မြောက်ဌာနပေါင်းစုံဝန်ထမ်းမိသားစု စုပေါင်းဘုံကထိန်သင်္ကန်းဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကို ယနေ့နံနက်(၉)နာရီက ချောင်းဆုံအနောက်ရပ်ကွက် တကူကနာမရမ်းကျောင်းတိုက်တွင် ကျင်းပပြုလုပ်သည်။   

အခမ်းအနားတွင် ပင့်ဖိတ်ထားသော ဆရာတော်၊ သံဃာတော်များနှင့် ဧည့်ပရိတ်သတ်တို့က နမောတဿ(၃)ကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားကိုဖွင့်လှစ်ခဲ့သည်။ ထို့နောက် မြို့နယ်သံဃာ့နာယကအဖွဲ့ဥက္ကဋ္ဌ ဆရာတော်ကြီးထံ ငါးပါးသီလကိုခံယူဆောက်တည်ပြီး သံဃာတော်အရှင်သူမြတ်တို့က ရွတ်ပွားသရဇ္ဇျယ်ခဲ့ကြသော မေတ္တာသုတ် ပရိတ်တရားတော်မြတ်ကို နာယူခဲ့ကြသည်။

ဆက်လက်၍ မြို့နယ်အုပ်ချုပ်ရေးမှူးဦးဇော်နိုင်ဝင်းနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များဌာနဆိုင်ရာတို့မှ ကထိန်လျာမြတ်သင်္ကန်းနှင့်လှူဖွယ်ဝတ္ထုပစ္စည်းများကို ဆရာတော်ကြီးများထံဆက်ကပ်လှူဒါန်းပြီး မြို့နယ်သံဃာ့နာယကအဖွဲ့ဥက္ကဋ္ဌ ဆရာတော်မှ ကထိန်အကျိုးတရားတော်မြတ်ကို နာယူ၍ လှူဒါန်းမှုအစုစုတို့ကို ရေစက်သွန်းချအမျှပေးဝေကာ ဗုဒ္ဓသာသနံစိရံတိဋ္ဌတု(၃)ကြိမ်ရွတ်ဆိုခဲ့ကြသည်။ အခမ်းအနားသို့ပင့်သံဃာတော် အပါး(၃၀)အတွက် သင်္ကန်းနှင့်လှူဖွယ်ဝတ္ထုပစ္စည်းများအပါအဝင် ပဒေသာပင်အလှူငွေ စုစုပေါင်း(၉၀၅၇၀၀ဝိ/-)ကျပ်အား ဌာနဆိုင်ရာဝန်ထမ်းပေါင်းစုံမှ လှူဒါန်းခဲ့ကြကြောင်းနှင့် နိုဝင်ဘာ(၂)ရက်နေ့(အရာထမ်း၊ အမှုထမ်း)များစုပေါင်းပြီး ပဒေသာပင်(၁၉)ပင် မော်တော်ယာဉ်(၂၅)စီးဖြင့် မြို့နယ်လုံးကျွတ် ကျေးရွာအသီးသီးသို့ ကျွန်းပတ်ကာပဒေသာပင်များဖြင့် လှည့်လည်ပူဇော်ခံခြင်းကို စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ချောင်းဆုံ(ပြန်/ဆက်)