ကမမောင်းမြို့ လူထုအခြေပြုဗဟိုဌာန၌  စာရေးဆရာ "ဒေါက်တာကျော်စိန်" ရေးသားသည့် စာအုပ်အား စာဖတ်ဝိုင်းဆွေးနွေးပွဲကျင်းပ

ကမမောင်း နိုဝင်ဘာ ၃

 ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်းမြို့တွင် စာရေးဆရာ "ဒေါက်တာကျော်စိန်"ရေးသားသည့် "လူငယ်လမ်းညွှန်" စာအုပ်အား စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယနေ့နံနက်(၁၁)နာရီ အချိန်က ကမမောင်းမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး လူထုအခြေပြုဗဟို ဌာန (Community Centre)ခန်းမ၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ ဖာပွန်ခရိုင်၊ ကမမောင်းမြို့    ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာကြည့်တိုက်လက်ထောက်-၃ (အင်အားပြ)ဒေါ်တင်တင်လှမှ စာဖတ်ဝိုင်းဆွေးနွေးပွဲ ကျင်းပပြုလုပ်ရခြင်း  ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားပြီး မခိုင်ငုဝေက "လူငယ်ဟူသည် ပွင့်လင်း၏။ ရိုးသား၏။ တက်ကြွ၏။သို့သော်ပွင့်လင်းမှုလွန်ကဲ၍ ယဥ်ကျေးမှုဘောင်မှ လွတ် ကင်းသွားမည်ကိုစိုးရ၏။ လူငယ်၏ရိုးသားမှုကိုလူကြီးလူငယ်များက အမြတ်ထုတ်သွားမည်ကို စိုးရိမ်ရ၏။ တက်ကြွမှုလွန်ကဲ၍ လမ်းမှားသို့ရောက်ကာ အဖတ်ဆယ်မရမည့်ဘေးကလည်းရှိသေး၏။ မည်သို့ပင်ဆိုစေပွင့်လင်းရိုးသားတက်ကြွသည့် လူငယ်ထုကိုမှန်ကန်သော ပန်းတိုင်သို့စနစ်တကျ လမ်းညွှန်နိုင်ပါမူလွန်စွာကျေးဇူးဖြစ်ထွန်းနိုင်ပေ၏" စသည့်အကြောင်းအရာ များကို အသေးစိတ် ဆွေးနွေးခဲ့သည်။

   ထို့နောက် စာဖတ်ဝိုင်းဆွေးနွေးပွဲ တက်ရောက်လာသူများ စာအုပ်ပါအကြောင်းအရာများကို အပြန်အလှန်ဆွေးနွေးခဲ့ကြောင်းနှင့် စာဖတ်ဝိုင်းအား ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် လမ်းညွှန်ချက်များနှင့်အညီ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

တင်တင်လှ(ကမမောင်းပြန်/ဆက်)