တံတားဦးမြို့၌ မိုးဦးကာလတွင် စတင်စိုက်ပျိုးထားသော မြေပဲများ စတင်နှုတ်သိမ်း အထွက်နှုန်းကောင်းမွန်

တံတားဦး နိုဝင်ဘာ ၃

တံတားဦးခရိုင်၊ တံတားဦးမြို့၌ မိုးဦးကလတွင် စတင်စိုက်ပျိုးထားသော မြေပဲများ စတင်နှုတ်သိမ်းနေပြီဖြစ်ရာ အထွက်နှုန်းကောင်းမွန်လျက်ရှိကြောင်း သူငယ်တော်ကျေးရွာ မြေပဲစိုက်တောင်သူ ဦးဝင်းအောင်ထံမှ သိရသည်။

တံတားဦးမြို့တွင် ဒေသခံတောင်သူများသည် စိုက်ပျိုးရေးလုပ်ငန်းကို အဓိကထားလုပ်ကိုင်လျက်ရှိရာ မွေးမြူရေးလုပ်ငန်းကိုလည်း တစ်ပိုင်တစ်နိုင်မွေးမြူကြသည်။ ဒေသခံတောင်သူများသည် ဆီထွက်သီးနှံများဖြစ်သည့် မြေပဲ၊ နှမ်း၊ နေကြာ စသည်တို့အပြင် ပဲစင်းငုံ၊ စပါး၊ ပြောင်း၊ ဂျုံ၊ ဝါ၊ ကုလားပဲ စသည်တို့ အဓိထားစိုက်ပျိုးလျက်ရှိကြောင်းသိရသည်။ မြေပဲကို မိုးဦးကာလဖြစ်သည့်  ကဆုန်လတွင်လည်း ကောင်း၊ မိုးလယ်ကာလဖြစ်သော ဝါဆိုလတွင်လည်းကောင်း စိုက်ပျိုးကြပြီး ယခုကာလ နှုတ်သိမ်းသောမြေပဲများသည် မိုးဦးကာလ၌ စိုက်ပျိုးထားရှိသော သီးနှံဖြစ်ပြီး မိုးလယ်ကာလဖြစ်သော စိုက်ပျိုးသော မြေပဲများကို ပြာသိုလ်လတွင် နှုတ်သိမ်းကြရသည်။

မိုးဦးကာလ၌ စိုက်ပျိုးထားသော မြေပဲများ နှုတ်သိမ်းရာတွင် အထွက်နှုန်းမှ အထူးကောင်းမွန်ပြီး မြေပဲ တစ်ဧကို တင်းရေ(၂၀)မှ(၂၅)တင်းအထိ ထွက်ရှိပါကြောင်း၊ ယခုမြေပြနှုတ်သိမ်းချိန်တွင် နေ့စားအငှား လိုက်သူများအနေဖြင့် တစ်နေ့လျှင် ငွေကျပ်(၈၀၀၀)ရရှိကာ အဆင် ပြေလျက်ရှိပြီး တစ်ချို့မှာ ပုတ်ပြတ် အငှားလိုက်ကြကြောင်းလည်းသိရသည်။

ရဲတင့်(ပြန်/ဆက်)