လှိုင်းဘွဲ နိုဝင်ဘာ ၃
ကရင်ပြည်နယ်၊ဘားအံခရိုင်၊ လှိုင်းဘွဲမြို့၌ ရပ်ဝေးဒေသများမှပြန်လာကြသူများ၊ စျေးရောင်းကြသူ ခရီးသွားပြည်သူများအား ကိုဗစ်-၁၉ ရောဂါပိုးကူးစက်ခံရမှု ရှိ၊မရှိသိရှိနိုင်စေရေးအတွက် (RDT) Tast kit ဖြင့် အခမဲ့စစ်ဆေး ပေးခြင်းလုပ်ငန်းကို မြို့နယ်ကျန်းမာရေးဦးစီးဌာနမှဝန်ထမ်းများက ကိုဗစ်-၁၉ ရောဂါတားဆီးကာကွယ်ရေး စုပေါင်းစစ်ဆေးရေးဂိတ်တွင် နိုဝင်ဘာလ ၁ ရက်နေ့မှစ၍ ထပ်မံ စစ်ဆေးဆောင်ရွက်ပေးလျက်ရှိသည်။
အဆိုပါ RDT) Tast kit ဖြင့် အခမဲ့စစ်ဆေးပေးခြင်းလုပ်ငန်းများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးဝင်းသန်း ဦးဆောင်၍ ကျန်းမာ ရေးဝန်ထမ်းများနှင့်အတူ နယ်မြေခံတပ်ဖွဲ့ဝင်များ၊ နယ်ခြားစောင့် တပ်ဖွဲ့ဝင်များ၊မြို့နယ်ရဲတပ်ဖွဲ့ဝင်များက ပူးပေါင်းဆောင်ရွက်ခဲ့ကြပြီး ခရီးသွားပြည်သူများအား နှာခေါင်းစည်း(Mask)များကို အခမဲ့ပေးဝေခဲ့ကြသည်။
(RDT) Tast kit ဖြင့် အခမဲ့စစ်ဆေးမှုခံယူခဲ့ကြသောပြည်သူအများစုက ကိုဗစ်-၁၉ရောဂါပိုးတွေ့ရှိခဲ့ လျှင်လည်း အရင်ချိန်တွေကလို မကြောက်ရတော့ကြောင်း၊ နိုင်ငံတော်မှအခမဲ့ထိုးနှံပေးသည့် ကိုဗစ်ရောဂါကာကွယ်ဆေးကို အကြိမ်ပြည့်ထိုးနှံထားခဲ့ပြီးသဖြင့် မိမိတို့တွင်ကိုဗစ်ပိုးတွေ့ခဲ့လျှင်လည်း အရင်ကလိုကြောက်ရွံ့စရာမလိုတော့ကြောင်း၊ ကျန်းမာရေးဝန်ကြီးဌာနရဲ့ လမ်းညွှန်ချက်နဲ့အညီ စနစ်တကျနေထိုင်၍ ဆေးကုသမှုခံယူသွားကြလျှင် စိုးရိမ်စရာမရှိပါကြောင်း အချင်းချင်းပြောဆိုကြသည်ကိုကြားသိခဲ့ရသည်။
လင်းသန့်(ပြန်/ဆက်)