ပေါက်တော နိုဝင်ဘာ ၃
ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ်တွင် အ.ထ.က-ပေါက်တော မိသားစု စုပေါင်းမဟာဘုံကထိန် လှည့်လည်ခြင်းအခမ်းအနားကို ယမန်နေ့ ညနေ(၄)နာရီအချိန်က မြို့ပေါ်ရပ်ကွက်များသို့ စည်ကားသိုက်မြိုက်စွာစီတန်း လှည့်လည်ခဲ့သည်။
ထိုသို့ စုပေါင်းမဟာဘုံကထိန်ပွဲတော် မြို့ပေါ်ရပ်ကွက်များသို့ စီတန်းလှည့်လည်ရာတွင် အ.ထ.က-ပေါက်တော ကျောင်းအုပ်ဆရာမကြီး ဒေါ်စံလှဝင်းနှင့် ဆရာဆရာမများ၊ကျောင်းသား ကျောင်းသူများမှ စုပေါင်းလှူဒါန်းထားသည့် ကထိန်လျာမြတ်သင်္ကန်းများ၊ပဒေသာပင် (၁၄)ပင်၊ လှူဖွယ်ဝတ္တုများ နှင့် မြို့ပေါ်ရပ်ကွက်များသို့ စည်ကားသိုက်မြိုက်စွာ တပျော်တပါး လှည့်လည်ခဲ့ကြသည်။
ဆက်လက်၍ ကထိန်လျာသင်္ကန်းဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကို ယနေ့နံနက်(၉)နာရီက အဆိုပါကျောင်းခန်းမတွင် ကျင်းပရာဦးစွာ ဆရာတော်သံဃာတော်များ၊ မြို့နယ်စီမံအုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ အ.ထ.က-ပေါက်တောကျောင်းအုပ်ဆရာမကြီး ဒေါ်စံလှဝင်း နှင့်ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ကျောင်းသူများ၊ ဖိတ်ကြားထားသော ဧည့်ပရိတ်သတ်များက နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ပြီး ဓာတ်တောင်ကျောင်းတိုက်ဆရာတော်ကြီးထံမှ ငါးပါးသီလခံယူ ဆောက်တည်ကြသည်။ ဆက်လက်၍ ဆရာတော် သံဃာတော် အရှင်သူမြတ်များက မေတ္တသုတ် ပရိတ်တရားတော်များ ရွတ်ပွားချီးမြှင့်တော်မူကြပြီး ကျောင်းအုပ်ဆရာမကြီး ဒေါ်စံလှဝင်းနှင့်ဆရာ ဆရာမများ၊ ကျောင်းသားကျောင်းသူများ၊ ဧည့်ပရိတ်သတ်များက ဆရာတော် သံဃာတော် အရှင်သူမြတ်များအား ကထိန်မ သင်္ကန်း၊ နဝကမ္မနှင့် လှူဖွယ်ဝတ္တူပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြသည်။ ထို့နောက် စန္ဒာရာမဆရာတော်ကြီးထံမှ အနုမောဒနာ တရားနာယူပြီး လှူဒါန်းမှု အစုစုအတွက် ရေစက်သွန်းချအမျှပေးဝေ ကာ ရတနာရွှေမိုး၊ငွေမိုးရွာသွန်းခဲ့ကြသည်။ ယင်းနောက် ဗုဒ္ဓသာ သနံစိရံတိဠတု သုံးကြိမ်ရွတ်ဆို ဆုတောင်း၍အခမ်းအနားကို ရုတ်သိမ်းကြပြီး ဆရာတော်၊ သံဃာတော် အရှင်သူမြတ်များအား နေ့ဆွမ်း ဆက်ကပ် လှူဒါန်းခဲ့ကြကြောင်းသိရသည်။
မြို့နယ်(ပြန်/ဆက်)