စဉ့်ကိုင် နိုဝင်ဘာ ၃
၂၀၂၂ခုနှစ်၊ နိုဝင်ဘာ (၁၇)ရက်နေ့တွင်ကျရောက်မည့် (၁၀၂)နှစ်မြောက်အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အဖြစ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်ပညာရေးဌာနတို့ပူးပေါင်း၍ ယနေ့နံနက်(၉)နာရီက သင်္ဂတုန်ကျေးရွာအခြေခံပညာမူလတန်းကျောင်းတွင် အသိပညာပေး ဟောပြောပွဲ၊ နံရံကပ်စာစောင်၊ ဓာတ်ပုံပြပွဲနှင့်စာအုပ်ပြပွဲများသွားရောက် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ သင်္ဂတုန်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးမျိုးသန့်က အဖွင့်အမှာ စကားပြောကြားခဲ့ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး၊ ဒေါ်စန္ဒာအေးအောင်က အမျိုးသား အောင်ပွဲနေ့ဖြစ်ပေါ်လာပုံနှင့် အမျိုးသားအောင်ပွဲနေ့ သမိုင်းကြောင်းများ၊ မြန်မာနိုင်ငံ၏ လွတ်လပ် ရေးကြိုးပမ်းမှု သမိုင်းဝင် နေ့ထူးနေ့မြတ်ကြီးဖြစ်သည့် အမျိုးသားနေ့ကို အစဉ်အမြဲသတိရစေရန် ရည်ရွယ်ချက်ဖြင့် ဟောပြောပွဲများ၊နံရံကပ်စာစောင်ဓာတ်ပုံ၊စာအုပ်စာစောင်ပြပွဲများကို ကျင်းပရခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
ဆက်လက်၍ ကျောင်းအုပ်ဆရာမကြီး ဒေါ်သင်းမာထွေးကယခုလိုကျောင်းသား၊ကျောင်းသူများအသိ ပညာဗဟုသတရရှိအောင်၊ အမှားအမှန်ပိုင်းခြားတတ်စေရန် လာရောက်ဆောင်ရွက်ပေးသည့်အတွက် ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့သည်။ အသိပညာဗဟုသုတရရှိစေရန်ခင်းကျင်း ပြသထားသော နံရံကပ်စာစောင်ဓာတ်ပုံများနှင့် စာအုပ်များအားခင်းကျင်းပြသထားရာ ကျောင်းသား၊ကျောင်းသူများက စိတ်ပါ၀င်စားစွာ ဖတ်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။
ကျော့မူယာမောင်(ပြန်/ဆက်)