သတင်းများ

အိမ်မဲမြို့နယ်တွင် ၂၀၂၂-၂၀၂၃ မိုးစပါးရာသီသစ်စိမ်းမြေသြဇာ ပိုက်ဆံလျှော်ကြဲပတ်ပွဲကျင်းပ
Apr 09,2022
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်၊ ကန်ကြီးဒေါင့်ကျေးရွာတွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဦးဆောင်ကျင်းပသည့် ၂၀၂၂-၂၀၂၃ မိုးစပါးရာသီသစ်စိမ်းမြေသြဇာ ပိုက်ဆံလျှော်ကြဲပတ်ပွဲကို တောင်သူဦးနိုင်နိုင်ထွန်း၏ ကွင်းအမှတ် ၅၀ခ၊ ဦးပိုင်အမှတ် ၂/၇၊ ၃/၃ ရှိလယ်မြေ (၁၀)ဧကတွင် ယနေ့ နံနက်ပိုင်းကဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကော့သောင်းမြို့တွင် အသက် (၅၀) ကျော် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေး
Apr 09,2022
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့တွင် အသက် ၅၀ နှစ်နှင့် အထက် သက်ကြီးရွယ်အို မြို့နေပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး Booster ကို တတိယအကြိမ်အဖြစ် ထပ်ဆောင်းထိုးနှံပေးလျက်ရှိရာ ဆေးထိုးစုရပ်ဖြစ်သည့် ကော့သောင်း မြို့၊ မဉ္ဇူသကပြည်သူ့ခန်း၌ ယနေ့ နံနက်ပိုင်းက စတင်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
မိုးကြိုကာလ မြေဆီလွှာဖွံ့ဖြိုးတိုးတက်ရေးအတွက် သစ်စိမ်းမြေဩဇာ(ပိုက်ဆံလျှော်) မျိုးစေ့ပေးအပ်ပွဲနှင့် စိုက်ပျိုးပွဲပြုလုပ်
Apr 09,2022
တနင်္သာရီတိုင်းဒေသကြီး ပုလောမြို့နယ် မိုးကြိုကာလ မြေဆီလွှာဖွံ့ဖြိုးတိုးတက်ရေးအတွက် သစ်စိမ်းမြေဩဇာ(ပိုက်ဆံလျှော်) မျိုးစေ့ပေးအပ်ပွဲကို ယမန်နေ့နံနက် ၈ နာရီခွဲက ပုလောမြို့နယ် ရှပ်ပုံကျေးရွာ အုပ်စုရေချိုကျေးရွာ ၌ ကျင်းပပြုလုပ်ခဲ့သည်။
ပုဏ္ဏားကျွန်း၌ နွေရာသီအားကစား အခြခံသင်တန်းဆင်းပွဲကျင်းပ
Apr 09,2022
ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့၌ နွေရာသီအားကစားအခြခံ သင်တန်းဆင်းပွဲကို ယမန်နေ့ ညနေ (၄)နာရီက မြို့နယ်အထွေထွေအုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။
မိုင်းငေါ့မြို့အတွင်းရှိ အသက်(၁၈)နှစ်အထက် ပြည်သူများအား (Sinovac)အမျိုးအစား ကိုဗစ်-၁၉‌  ရောဂါကာကွယ်‌ဆေးထိုးနှံပေး
Apr 09,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းငေါ့မြို့တွင် အသက်(၁၈)နှစ်နှင့် အထက်ပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ် ဆေး Sinovac အမျိုးအစားကို မြို့ပေါ်ရပ်ကွက်ရှိ ပြည်သူများအား ယမန်နေ့ နံနက်(၁၀) နာရီအချိန်က  (Sinovac)အမျိုးအစား ကိုဗစ်ရောဂါကာကွယ်ဆေး ထိုးနှံပေးခဲ့ကြောင်းသိရသည်။
မိုင်းတုံမြို့၊ မဲကင်ကျေးရွာ၌ မြို့နယ်ဥပဒေဆိုင်ရာ အထောက်အကူပေးရေးအဖွဲ့မှ ဟောပြော ပွဲပြုလုပ်
Apr 09,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်ခရိုင်၊ မိုင်းတုံမြို့နယ်အတွင်းရှိ မဲကင်ကျေးရွာ စုပေါင်းခန်းမ ၌ မြို့နယ်ဥပဒေဆိုင်ရာ အထောက်အကူပေးရေးအဖွဲ့မှ ယမန်နေ့  နေ့လယ် ၁ နာရီအချိန်က အသိပညာ‌ပေး ဟောပြောပွဲဆောင်ရွက်ခဲ့သည်။
ရွှေတောင်မြို့နယ်အတွင်းရှိ ကျေးရွာများတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကုန်ထုတ်လုပ်မှုဖွံ့ဖြိုးတိုးတက်ရေးအတွက် အသိပညာပေးဟောပြောပွဲကျင်းပ
Apr 09,2022
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်အတွင်း  စိုက်ပျိုးရေး၊ မွေးမြူ ရေးနှင့် ကုန်ထုတ်စွမ်းအားများ ဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် အသိပညာပေး ဟောပြောပွဲကို သက်ဆိုင်ရာဌာနများက ယမန်နေ့ မွန်းလွဲပိုင်းက  ကွင်းယားကြီး ကျေးရွာအုပ်စု၊ ဖောင်းဖြူကျေးရွာရှိ တောင်သူများထံအရောက် ကွင်းဆင်း အသိပညာပေး ဟောပြောဆွေးနွေးခဲ့ကြောင်း သိရသည်။
သရက်ချောင်းမြို့၊ မြို့မရပ်ကွက်ရှိ ရတနာအောင်သိဒ္ဓိမြို့ဦးလှိုင်ဂူစေတီတော်အား ထီးတော်တင်အလှူတော်မင်္ဂလာနှင့် ဗုဒ္ဓအနေက ဇာတင်အခမ်းအနားကျင်းပ
Apr 09,2022
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ မြို့မရပ်ကွက်ရှိ မြို့ကျက်သရေဆောင် ရတနာအောင်သိဒ္ဓိမြို့ဦးလှိုင်ဂူစေတီတော်အား ဘုရားထီးတော်တင်၊ ဗုဒ္ဓဓါဘိသကေ အနေကဇာတင် အလှူတော်မင်္ဂလာ အခမ်းအနားကို ယမန်နေ့ နံနက် (၆) နာရီအချိန်က သရက်ချောင်းမြို့နယ်၊ ရတနာအောင်သိဒ္ဓိမြို့ဦးလှိုင်ဂူစေတီတော်ဘုရားဝင်းအတွင်း စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြောင်း သိရသည်။