သတင်းများ

သရက်ချောင်းမြို့နယ်၊ စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဦးစီးကျင်းပပြုလုပ်သော မြို့နယ်အဆင့်ဌာနပေါင်းစုံ စုပေါင်းဘုံကထိန်အလှူပွဲကျင်းပ
Nov 04,2022
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၌ မြန်မာသက္ကရာဇ် ၁၃၈၄ခုနှစ်၊ တန်ဆောင်မုန်းလဆန်း (၁၂)ရက်နေ့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဦးစီးကျင်းပပြုလုပ်သော မြို့နယ်အဆင့်ဌာနဆိုင်ရာများ စုပေါင်းဘုံကထိန်အလှူပွဲကို ယနေ့နံနက် ၁၀နာရီအချိန်က သရက်ချောင်းမြို့၊ မြို့မရပ်ကွက်ရှိ စည်ပင်သာယာကျောက်တိုင်ဝင်းအတွင်းရှိ မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
(၃၄)နှစ်​မြောက် အ​ထွေ​ထွေအုပ်ချုပ်​ရေးဦးစီးဌာန နှစ်ပတ်လည်​နေ့အထိမ်းအမှတ် တစ်​နေ့တာ အာဟာရဒါန ကုသိုလ်ပြုလုပ်
Nov 04,2022
မ​ကွေးတိုင်း​ဒေသကြီး၊​ ချောက်ခရိုင်၊ ​ချောက်မြို့နယ်၌ (၃၄)နှစ်​မြောက် အ​ထွေ​ထွေအုပ်ချုပ်​ရေးဦးစီးဌာန၊ နှစ်ပတ်လည်​နေ့အထိမ်းအမှတ်အဖြစ် ယနေ့နံနက် ၉နာရီအချိန်က အမှတ်(၁၅) ရပ်ကွက် ​မြေနီကုန်းရပ်ရှိ​၊ ဇေယျာသီရိဘိုးဘွားရိပ်သာတွင် တစ်​နေ့တာ အာဟာရဒါနကုသိုလ်​ပြုလုပ်​ခဲ့​ကြောင်း သိရသည်။
ရမ်းဗြဲမြို့၌ ဌာနဆိုင်ရာဝန်ထမ်းများမှ စုပေါင်းမဟာဘုံကထိန်သင်္ကန်း ဆက်ကပ်လှူဒါန်း
Nov 04,2022
ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာဝန်ထမ်းများမှ စုပေါင်း၍ မဟာဘုံကထိန်သင်္ကန်း ဆက်ကပ်လှူဒါန်းခြင်းကို ယနေ့နံနက် ၉ နာရီအချိန်က ရမ်းဗြဲမြို့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ရမ္မာဝတီခန်းမ၌ ဆက်ကပ်လှူဒါန်းခဲ့ကြသည်။
မင်းဘူးမြို့၌ (၃၄)ကြိမ်မြောက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန နှစ်ပတ်လည်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စုပေါင်းသွေးလှူဒါန်းခြင်းနှင့် ပြည်သူ့အကျိုးပြုလုပ်ငန်းများ ဆောင်ရွက်
Nov 04,2022
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်/မြို့နယ်ထွေ/အုပ်ဝန်ထမ်းများက ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၇ ရက်နေ့တွင် ကျရောက်မည့် (၃၄)ကြိမ်မြောက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန နှစ်ပတ်လည်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စုပေါင်းသွေးလှူဒါန်းခြင်းနှင့် ပြည်သူ့အကျိုးပြုလုပ်ငန်းများကို နိုဝင်ဘာ ၂ ရက်နှင့် ၃ ရက်နေ့တွင် ဆောင်ရွက်ခဲ့ကြသည်။
ပြည်မြို့ လေးဆူဓာတ်ပျော် ရွှေဆံတော်စေတီတော်မြတ်ကြီးရင်ပြင်၌ ဗုဒ္ဓမြတ်စွယ်တော်(၁၂၃)ကြိမ်မြောက် ဖွင့်လှစ်အပူဇော်ခံပွဲ အခမ်းအနားကျင်းပ
Nov 04,2022
ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့၊ လေးဆူဓာတ်ပျော် ရွှေဆံတော်စေတီတော်မြတ်ကြီး ရင်ပြင်တော်မြတ်စွယ်‌တော်တိုက်ရှိ ဗုဒ္ဓမြတ်စွယ်တော်အား အများပြည်သူ ဖူးမြော်ကြည်ညိုနိုင်ရန် (၁၂၃) ‌ကြိမ်မြောက် ဖွင့်လှစ်အပူဇော်ခံပွဲ အခမ်းအနားကို ယမန်နေ့ညနေ ၄ နာရီခွဲက စေတီတော်ရင်ပြင် မင်္ဂလာမဏ္ဍပ်၌ ကျင်းပပြုလုပ်ရာ ရှေးဦးစွာ ဩဝါဒါစရိယ ဆရာတော်ကြီးများ အမှူးပြုသော ဧည့်ပရိတ်သတ်အပေါင်းတို့က  နမောတဿ ဗုဒ္ဓပဏာမ ဂါထာတော် သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားစတင်ဖွင့်လှစ်သည်။
ကျောက်တလုံးကြီးမြို့တွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန နှစ်ပတ်လည်နေ့ အကြို စုပေါင်းသန်ရှင်းရေးဆောင်ရွက်
Nov 04,2022
၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ (၇) ရက်နေ့တွင် ကျရောက်မည့်    ပြည်ထဲရေးဝန်ကြီးဌာန၊ အထွထွေ အုပ်ချုပ်ရေးဦးစီးဌာန၏ (၃၄)နှစ်မြောက် နှစ်ပတ်လည်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့်   ရှမ်းပြည်နယ်(‌တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊  ကျောက်တလုံးကြီးမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းမိသားစုများစုပေါင်းကာ  ကျောက်တလုံးကြီးမြို့ အောင်ဓမ္မစေတီဘုရားတောင်ပေါ်နှင့်နောင်လုံရပ်ကွက် တို့တွင် ယနေ့နံနက် (၁၀) နာရီက ကုသိုလ်ပြု စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဒေးဒရဲမြို့နယ် အမျိုးသမီးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ
Nov 04,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်အတွင်းရှိ အိမ်တွင်းအကြမ်းဖက်မှုများ လျော့နည်း ပပျောက်စေရေးနှင့် အမျိုးသမီး များ၏ အခွင့်အရေးများအား ပိုမိုထိရောက်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် မြို့နယ်အမျိုးသမီးကော်မတီ လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက် (၁၁)နာရီခွဲက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ပန်းတောင်းမြို့နယ် အခြေခံပညာကျောင်းသို့ အသိပညာပေးကွင်းဆင်း ဆောင်ရွက်
Nov 04,2022
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်စားသုံးသူရေးရာဦးစီးဌာနတို့ ပူးပေါင်း၍ ယမန်နေ့ နေ့လယ်ပိုင်းက အ.မ.က ဖောင်းကန်၊ ကျောင်းသို့ အသိပညာပေးဟောပြောခြင်း၊ ပုံပြင်ပြောခြင်း၊ နံရံကပ်စာစောင်များ ပြသခြင်းများ ဆောင်ရွက်ခဲ့သည်။