ရမ်းဗြဲမြို့၌ ဌာနဆိုင်ရာဝန်ထမ်းများမှ စုပေါင်းမဟာဘုံကထိန်သင်္ကန်း ဆက်ကပ်လှူဒါန်း

ရမ်းဗြဲ   နိုဝင်ဘာ  ၄

ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာဝန်ထမ်းများမှ စုပေါင်း၍ မဟာဘုံကထိန်သင်္ကန်း ဆက်ကပ်လှူဒါန်းခြင်းကို ယနေ့နံနက် ၉ နာရီအချိန်က ရမ်းဗြဲမြို့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ရမ္မာဝတီခန်းမ၌ ဆက်ကပ်လှူဒါန်းခဲ့ကြသည်။

ရှေ့ဦးစွာ  ဆရာတော်သံဃာတော်များ  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခင်မောင်သန်းနှင့်အဖွဲ့ဝင် များဌာနဆိုင်ရာဝန်ထမ်းများနှင့် ဖိတ်ကြားထားသောဧည့်သည်တော်များမှ  နမောဿတသုံးကြိမ်ရွတ်ဆို  ဘုရားကန်တော့ကြပြီးနောက်တက်ရောက်လာကြသူများမှ ရမ်းဗြဲမြို့နယ် သံဃာ့နာယကဥက္ကဋ္ဌ ဆရာတော်ဘုရားထံမှငါးပါးသီလခံယူဆောက်တည်ကြသည်။

ဆက်လက်ပြီး ဆရာတော်အရှင်သူမြတ်များမှ မေတ္တာသုတ်ပရိတ်တရားတော်များကို ရွတ်ပွားချီးမြှင့်တော်မူကြပြီးနောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးခင်မောင်သန်းက  ငွေတောင်သာကျောင်းတိုက် ဆရာတော်ဘုရားကြီးအား ကထိန်မသင်္ကန်းကို ဆက်ကပ်လှူဒါန်းသည်။  ထို့နောက်  ဌာနဆိုင်ရာ ဝန်ထမ်းများမှ ပင့်သံဃာဆရာတော်သံဃာတော်များကို ပဒေသာပင်နှင့်တကွ နဝကမ္မလှူဖွယ်စ္စည်းများ ဆက်ကပ်လှူဒါန်းပေးကြသည်။ ယင်းနောက် ငွေတောင်သာဆရာတော်ဘုရားကြီးထံမှ ကထိန်အနုမော ဒနာ တရားတော်မြတ်ကို နာယူကြပြီး လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေ၍ ဗုဒ္ဓသာသနံစိရံတိဌတု သုံးကြိမ်ရွတ်ဆိုပြီး အခမ်းအနားကိုရုတ်သိမ်းကာ ပင့်သံဃာဆရာ တော်သံဃာ တော်အရှင်သူမြတ်တို့အား နေ့ဆွမ်း ဆက်ကပ်လှူဒါန်းခဲ့ကြကြောင်း သိရသည်။

အောင်နိုင်(ပြန်/ဆက်)