သတင်းများ

တန်ခိုးကြီးဘုရားများ လည်ပတ်စရာ အထင်ကရနေရာများနှင့် ယဉ်ကျေးမှုအမွေအနှစ်များရှိရာဌာနေ မင်းဘူးမြေ
Apr 09,2022
မြန်မာနိုင်ငံ၏ အလယ်ပိုင်းဒေသတွင် တည်ရှိသော မင်းဘူးမြို့သည် မကွေးတိုင်းဒေသကြီးတွင် တည်ရှိပြီး အနောက်ဘက်တွင် ငဖဲမြို့၊ အရှေ့ဘက်တွင် ဧရာဝတီမြစ်နှင့် မကွေးမြို့၊ တောင်ဘက်တွင် မင်းလှမြို့၊ မြောက်ဘက်တွင် ပွင့်ဖြူမြို့တို့နှင့် ဆက်စပ်လျက်ရှိပြီး တန်ခိုးကြီးဘုရားများနှင့် လည်ပတ်စရာ အထင်ကရနေရာများစွာ ရှိသောကြောင့် ပြည်တွင်း၊ ပြည်ပမှ ခရီးသွားဧည့်သည်များ လာရောက် လေ့လာလည်ပတ် အနားယူ အပန်းဖြေနိုင်သော နေတရာတစ်ခုလည်းဖြစ်သည်။
ပေါက်တောမြို့နယ်၌ အသက်(၁၈)နှစ်နှင့်အထက် ဦးတည်အုပ်စုတွင် ပါဝင်သူများအား သတ္တမအသုတ်(ဒုတိယ)အကြိမ်အဖြစ် ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံ
Apr 09,2022
ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ်၌ အသက် (၁၈)နှစ်နှင့် အထက် ဦးတည်အုပ်စုတွင် ပါဝင်သူ များအား သတ္တမအသုတ်(ဒုတိယ)အကြိမ်အဖြစ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Covaxin) ထိုးနှံ ပေးခြင်းကို ပေါက်တောမြို့နယ်အတွင်း သတ်မှတ်ထားသော ဆေးထိုးစုရပ်နေရာများတွင် ယမန်နေ့ နံနက်ပိုင်းက ထိုးနှံပေးခဲ့ကြောင်း သိရသည်။
မြောင်းမြမြို့တွင် မွေးရာပါ ခန္ဓာကိုယ်အောက်ပိုင်း မသန်စွမ်းသူအား wheel chair သွားရောက် ထောက်ပံ့
Apr 09,2022
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့ရှိ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ​​မြောင်းမြခရိုင် လူမှုဝန်ထမ်းဦးစီးဌာန​က ယမန်နေ့ ည​နေ(၃)နာရီအချိန်၌ မွေးရာပါ ခန္ဓာကိုယ်​အောက်ပိုင်း မသန်စွမ်းသူတစ်ဦးကို wheel chair ​ထောက်ပံ့ပေးအပ်ခဲ့သည်။
အုတ်ဖိုမြို့နယ်တွင် နိုင်(၄)မှတ်တမ်းများအား Computer Software အသုံးပြု၍ စိစစ်ရေးသွင်းခြင်းဆောင်ရွက်
Apr 09,2022
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်တွင် နိုင်(၄)မှတ်တမ်းများအား Computer Software အသုံးပြု၍ စိစစ်ရေးသွင်းခြင်းကို ဧပြီလ ၄ ရက်နေ့မှစ၍ မြို့တော်ခန်းမတွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနဝန်ထမ်းများနှင့် အခြားဌာနဆိုင်ရာများ ပူးပေါင်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မိုးညိုမြို့နယ်တွင် လေဘေးသင့်မိသားစုများအား ကျေးရွာအရောက် ထောက်ပံ့ငွေပေးအပ်
Apr 09,2022
လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မိုးညိုမြို့နယ် ဦးစီးမှူးရုံးမှ ဝန်ထမ်းများက ယမန်နေ့ မွန်းလွဲ ၂ နာရီအချိန် တွင် လေဘေးသင့်နေအိမ်မှ မိသားစုများအတွက် ထောက်ပံ့ငွေကို ကျေးရွာအရောက် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့သည်။
မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် ဆင်ပေါင်ဝဲမြို့နယ် ညံတောအင်းကျေးရွာ စိုက်ပျိုးရေရရှိရေး ဆိုလာလျှပ်စစ်မြစ်ရေတင်စီမံကိန်း ရှင်းလင်းဆောင်တွင် ဌာနဆိုင်ရာတာဝန်ရှိသူများ ဒေသခံတောင်သူများနှင့်တွေ့ဆုံ
Apr 09,2022
မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင့်လွင်သည် ယမန်နေ့ နံနက်ပိုင်းက လူမှုရေးရာ ဝန်ကြီးဦးစိုးပိုင်မြင့်နှင့် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ လိုက်ပါကာ ဆင်ပေါင်ဝဲ မြို့နယ်၊ ညံတောအင်းကျေးရွာတွင် စိုက်ပျိုးမြေ(၂၀၀)ဧကအား ရေပေးဝေနိုင်ရန် ရေအရင်းအမြစ် အသုံးချရေးဦးစီးဌာနမှ တာဝန်ယူဆောင်ရွက်လျက်ရှိသော ဆိုလာလျှပ်စစ်မြစ်ရေတင်လုပ်ငန်းခွင်သို့ ရောက်ရှိခဲ့ပြီး လုပ်ငန်းခွင် ရှင်းလင်းဆောင်၌ ဌာနဆိုင်ရာတာဝန်ရှိသူများ ဒေသခံတောင်သူများနှင့် တွေ့ဆုံခဲ့သည်။
ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၌ အသက်(၁၈) နှစ်အထက် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ရာနှုန်းပြည့်ထိုးနှံပေးနိုင်ရေး Mobile အစီအစဉ်ဖြင့် ကွင်းဆင်း ဆောင်ရွက်
Apr 09,2022
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ် (အရှေ့ပိုင်း)မြို့နယ်အတွင်း၌ ကာကွယ်ဆေးထိုးနှံခြင်းကို ရဟန်းရှင်လူ ပြည်သူများအား သက်ဆိုင်ရာ ဦးစားပေး အစီအစဉ်အလိုက် ဦးတည်အုပ်စုများ သတ်မှတ်ကာကိုဗစ်၁၉ကာကွယ်ဆေးထိုးနှံပေးလျက်ရှိပြီး ရာနှုန်း ပြည့်ထိုးနှံပေးနိုင်ရေးအတွက် Mobile အစီအစဉ်ဖြင့် ကွင်းဆင်းဆောင်ရွက်ခြင်းကို ယနေ့ နံနက် ၈ နာရီမှ ညနေ ၃ နာရီအထိ အကြောင်းအမျိုးမျိုးကြောင့် ကာကွယ်ဆေး မထိုးနှံရသေးသည့်  ပြည်သူများအား COVI SHIELD ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများကို ၇ ရပ်ကွက် ဒေသန္တရဆေးထိုးစုရပ်၊ အမှတ် ၁၅၅ ရပ်ကွက်ဓမ္မာရုံတို့၌ ဆက်လက် ထိုးနှံပေး ခဲ့ကြောင်း သိရသည်။
မိုးနဲမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဒုတိယအကြိမ် ထိုးနှံပေးလျက်ရှိသည့်အပြင် ဆေးထိုးပြီးစီးကြောင်း ကတ်ပြားများကိုပါ တစ်ပါးတည်း ထုတ်ပေး
Apr 09,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုးနဲမြို့နယ်အတွင်း အသက်-၁၈ နှစ်နှင့် အထက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ပထမအကြိမ် Covid shield ကာကွယ်ဆေးထိုးနှံပြီး ၂၈ ရက်ပြည့်သူများကို ယမန်နေ့ မွန်းလွဲ ၁ နာရီ အချိန်က မြို့နယ်ကမ္ဘောဇခန်းမ၌ ဒုတိယအကြိမ် ထိုးနှံပေးခဲ့ကြောင်း သိရသည်။