ပြည်ကြီးမဏ္ဍိုင်မြို့တွင် အိုမီခရွန် ဗီဇပြောင်း ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေး အသိပေးနှိုးဆော်
Nov 04,2022
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ပြည်ကြီးမဏ္ဍိုင်မြို့တွင် ကိုဗစ်-၁၉ ရောဂါ မျိုးဗီဇပြောင်း အိုမီခရွန်မျိုးစိတ်သစ် BA.4နှင့် BA.5ရောဂါ ကြိုတင်ကာကွယ်ရေးနည်းလမ်းများအား မိဘပြည်သူများ အနေဖြင့် ကျယ်ကျယ်ပြန့်ပြန့် သိရှိလိုက်နာဆောင်ရွက်နိုင်စေရန်အတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူးနှင့် ဝန်ထမ်းများက ယနေ့နံနက် ၁၀နာရီ ခွဲအချိန်က ပြည်ကြီးမဏ္ဍိုင်ရပ်ကွက်တွင် အသိပေးနှိုးဆော်ခြင်းများ ဆောင်ရွက်ခဲ့ကြသည်။