သတင်းများ

သိန္နီမြို့နယ်တွင် ၂၀၂၁−၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်၀င်တန်းစာမေးပွဲ သမိုင်းဘာသာ ရပ်တွင်ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာ ၀င်ရောက်ဖြေဆို
Apr 08,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)လားရှိုးခရိုင်၊ သိန္နီမြို့နယ်တွင် ၂၀၂၁−၂၀၂၂ ပညာသင်နှစ် တက္ကသိုလ် ၀င်တန်းစာမေးပွဲ သမိုင်းဘာသာရပ်ကို ယနေ့ နံနက်ပိုင်း ၉ နာရီအချိန်က စတင်ကာ သိန္နီမြို့ အခြေခံပညာ အထက်တန်းကျောင်း (၁) စာစစ်ဌာန တစ်ခုတည်း၌ ကျောင်းသား၊ကျောင်းသူများ အေးချမ်းစွာ ဖြေဆိုလျက်ရှိကြောင်း သိရသည်။
မြောင်းမြမြို့တွင် Mobile Team စနစ်ဖြင့် ရပ်ကွက်ကျေးရွာများအရောက် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး လိုက်လံထိုးနှံပေး
Apr 08,2022
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့ရှိ ရပ်ကွက်ကျေးရွာများတွင် အကြောင်းအမျိုးမျိုးကြောင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံရန် ကျန်ရှိသည့် အသက်(၁၈)နှစ်နှင့်အထက် ပြည်သူများအား Mobile Team စနစ်ဖြင့် ရပ်ကွက်ကျေးရွာများရှိ ပြည်သူများထံသို့အရောက် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (COVISHIELD) လိုက်လံထိုးနှံပေးလျက်ရှိရာ မြို့ပေါ်ရပ်ကွက်များဖြစ်သော မြရတနာရပ်ကွက်၊ မြစန္ဒာရပ်ကွက်များတွင် အဖွဲ့များခွဲ၍ ကွင်းဆင်းကာကွယ်ဆေး ထိုးခြင်းများကို ယနေ့နံနက် (၉)နာရီအချိန်ကစ၍ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
လယ်ဝေးမြို့နယ်ရုံး Community Centreတွင် လူငယ်နှင့် အားကစားခေါင်းစဉ်ဖြင့် Talk Show ကျင်းပ
Apr 08,2022
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် လယ်ဝေးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာန၊ Community Centre တွင် ယနေ့ နံနက် ( ၁၀ )နာရီက “လူငယ်နှင့်အားကစား” ခေါင်းစဉ်ဖြင့်Talk Show ကျင်းပခဲ့သည်။
တောင်ငူ၌ မဟာဓာတ်အားလိုင်း တည်ဆောက်ရာတွင် ပျက်စီးဆုံးရှုံးသည့် သီးနှံပင် / နှစ်ရှည်ပင်များအတွက် လျော်ကြေးငွေများ ပေးအပ်
Apr 08,2022
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ တောင်ငူမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန နတ်သျှင်နောင်ခန်းမ၌ ၅၀၀ ကေဗွီ ကံကောင်း (မိတ္ထီလာ) - စပါးကြွယ် (တောင်ငူ) မဟာဓာတ်အားလိုင်း တည်ဆောက်ရာတွင် ပျက်စီးဆုံးရှုံးသွားသော သီးနှံပင်၊ နှစ်ရှည်ပင်များအတွက် လျော်ကြေးငွေများပေးအပ်ခြင်း အခမ်းအနား ယနေ့ မွန်းလွဲ ၁ နာရီအချိန်က ကျင်းပသည်။
ကွတ်ခိုင်မြို့Community Centreခန်းမတွင် ကျီးပေါင်းရောဂါအကြောင်း အသိပညာပေး ဆွေးနွေးပွဲ Talk Show ဆောင်ရွက်
Apr 08,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊မူဆယ်ခရိုင်၊ ကွတ်ခိုင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာနနှင့် တိုင်းရင်းဆေးကုဌာနတို့ ပူးပေါင်း၍ ကျီးပေါင်းရောဂါဆိုင်ရာအသိပညာပေး Talk Show ဆွေးနွေးပွဲကို လူထုအခြေပြုဗဟိုဌာန CommunitCentreခန်းမတွင် ယမန်နေ့ မွန်းလွှဲ(၂) အချိန်က ပြုလုပ် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမောင်မောင်နိုင် တပ်ကုန်းမြို့နယ် ခုတင်(၁၀၀)ပြည့်သူ့ဆေးရုံ၌ အောက်ဆီဂျင်စက်ရုံဖွင့်ပွဲ အခမ်းအနားတက်ရောက်
Apr 08,2022
နေပြည်တော် တပ်ကုန်းမြို့နယ် ခုတင်(၁၀၀)ပြည့်သူ့ဆေးရုံဝင်းအတွင်း တည်ဆောက်ထားသည့် အောက်ဆီဂျင်စက်ရုံဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်(၉)နာရီတွင် အဆိုပါ အောက်ဆီဂျင်စက်ရုံရှေ့၌ ကျင်းပရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမောင်မောင်နိုင်၊ နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ဇော်ဟိန်းနှင့် တာဝန်ရှိသူများ၊ နေပြည်တော်ကောင်စီအဖွဲ့ဝင်များ ဖြစ်ကြသည့် ဗိုလ်မှူးကြီးမင်းနောင်၊ ဦးဇေယျာလင်း၊ ဦးမြင့်စိုး၊ ရဲမှူးကြီးကိုကိုလွင်၊ ကျန်းမာရေးဝန်ကြီးဌာန ကုသရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာမြတ်ဝဏ္ဏစိုး၊ ကျန်းမာရေးဝန်ထမ်းများနှင့် အလှူရှင်များ တက်ရောက်ကြသည်။
ရခိုင်ပြည်နယ် မောင်တောမြို့၌ တက္ကသိုလ်ဝင်တန်းစာမေးပွဲ သမိုင်းဘာသာရပ်ဖြေဆို
Apr 08,2022
ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၌ ၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲအား စာစစ်ဌာနများ ဖွင့်လှစ်၍ နံနက် ၉ နာရီ အချိန်မှ မွန်းတည် ၁၂ နာရီ အချိန်ထိ ကျန်းမာရေး ဝန်ကြီးဌာန၏ ညွန်ကြားချက်များနှင့်အညီ ကျင်းပလျက်ရှိရာ ယနေ့နံနက်ပိုင်းက သမိုင်းဘာသာ ရပ်အား ကျောင်းသား/ သူ များ အေးချမ်းစွာ ဖြေဆိုခဲ့ကြသည်။
ဗဟန်းမြို့နယ်၌ ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ သမိုင်းဘာသာရပ်အား ကျောင်းသား ကျောင်သူများ ဖြေဆို
Apr 08,2022
၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲကို မြန်မာတစ်နိုင်ငံလုံးရှိ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ အခြေခံပညာ အထက်တန်းကျောင်းများ၌ ကျင်းပလျက်ရှိရာ ယနေ့နံနက် ၉ နာရီ မှ ၁၂ နာရီအထိ အဋ္ဌမ​နေ့အဖြစ် သမိုင်းဘာသာရပ်ကို ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန် အနောက်ပိုင်းခရိုင်ဗဟန်းမြို့နယ်အတွင်းရှိ ၂၀၂၂ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲကို ကျောင်းတွင်း၊ ကျောင်းပြင်ဖြေဆိုသူကျောင်းသား၊ ကျောင်းသူများသည်၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၌ ဖြေဆိုရာတွင် ကျောင်းသား (၁၂)ဦး၊ ကျောင်းသူ (၉) ဦး စုစုပေါင်း(၂၁)ဦး ဝင်ရောက်ဖြေဆိုခဲ့ကြောင်း သိရသည်၊၊