မင်းဘူး နိုဝင်ဘာ ၄
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်/မြို့နယ်ထွေ/အုပ်ဝန်ထမ်းများက ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၇ ရက်နေ့တွင် ကျရောက်မည့် (၃၄)ကြိမ်မြောက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန နှစ်ပတ်လည်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စုပေါင်းသွေးလှူဒါန်းခြင်းနှင့် ပြည်သူ့အကျိုးပြုလုပ်ငန်းများကို နိုဝင်ဘာ ၂ ရက်နှင့် ၃ ရက်နေ့တွင် ဆောင်ရွက်ခဲ့ကြသည်။
ထိုသို့ဆောင်ရွက်ရာတွင် နိုဝင်ဘာ ၂ ရက်နေ့ မွန်းလွဲပိုင်း၌ မင်းဘူးခရိုင်ပြည်သူ့ဆေးရုံကြီးတွင် တက်ရောက်ကုသနေသာ အရေးပေါ်သွေးလိုအပ်သည့် လူနာများ အဆင်ပြေချောမွေ့စေရေးအတွက် မင်းဘူးခရိုင် / မြို့နယ် ထွေ/အုပ်ဝန်ထမ်းများက ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၇ ရက်နေ့တွင် ကျရောက်မည့် (၃၄)ကြိမ်မြောက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန နှစ်ပတ်လည်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် A ၊ B ၊ O နှင့် AB သွေးအမျိုးအစားများကို စုပေါင်းလှူဒါန်းခဲ့ကြပြီး သွေးလှူဒါန်းပေးသော ထွေ/အုပ်ဝန်ထမ်း များအား မင်းဘူးခရိုင်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေးခဲ့ပြီး အစားအသောက်၊ ဆေးဝါးနှင့် အားဖြည့် အဟာရ ဖြည့်စွက်စာများကို ထောက်ပံ့ပေးအပ်ခဲ့သည်။
ထို့နောက် နိုဝင်ဘာ ၃ ရက်၊ (ယမန်နေ့) နံနက်ပိုင်းက မင်းဘူးမြို့ အမှတ်(၂)ရပ်ကွက်ရှိ ဓါတ်တော်ကုန်းစေတီ ရင်ပြင်တော်၌ ပြည်သူ့အကျိုးပြုလုပ်ငန်းအဖြစ် ခရိုင်အုပ်ချုပ်ရေးမှူးနှင့် ဒုခရိုင် အုပ်ချုပ်ရေးမှူးတို့ ဦးဆောင်ပြီး ခရိုင်/မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများက စုပေါင်း သန့်ရှင်းရေးလုပ်ငန်းများကို ဝိုင်းဝန်းကုသိုလ်ပြု ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
မောင်မောင်(မင်းဘူး)