သတင်းများ

ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ် Community Centre ခန်းမတွင် လျှပ်စစ်ဓာတ်အား ခြိုးခြံချွေတာ သုံးစွဲနိုင်ရေး အသိပညာပေး ဆွေးနွေးပွဲ (Talk Show) ကျင်းပ
Apr 08,2022
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ်တွင် လျှပ်စစ်ဓာတ်အား ခြိုးခြံချွေတာစွာသုံးစွဲနိုင်ရေး အသိပညာပေး (Talk Show) ပြုလုပ် ဆောင်ရွက်ခြင်းကို ယနေ့ မွန်းလွှဲပိုင်း (၁) နာရီတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင်ပြုလုပ် ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ကရင်ပြည်နယ် ဝန်ကြီးချုပ်ဦးစောမြင့်ဦး ကရင်အနုပညာရှင်များအသင်းနှင့် တွေ့ဆုံ
Apr 08,2022
ပြည်နယ်အတွင်း ယဉ်ကျေးမှုအနုပညာဖွံ့ဖြိုးတိုးတက်ရေးအတွက် ဝိုင်းဝန်းပူးပေါင်း အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးနှင့် ကရင်အနုပညာရှင်များအသင်း တွေ့ဆုံပွဲကို ဧပြီလ ၈ ရက်နေ့ နံနက် ၁၀ နာရီခန့်က ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ(၃)၌ ကျင်းပသည်။
မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန ပြည်နယ်ညွှန်ကြားရေးမှူးရုံး(၃)ထပ်အဆောက်အဦသစ်ဖွင့်လှစ်
Apr 08,2022
ပြည်သူများနှင့်ဝန်ထမ်းများ နေထိုင်ရေးအဆင်ပြေစေရန် အရောင်းအိမ်ရာ၊ အငှါးအိမ်ရာနှင့် ဝန်ထမ်း အိမ်ရာ များတည်ဆောက်ပြီး လူနေမှုဘဝအဆင်ပြေမြင့်မားလာစေရန်ဆောင်ရွက်ပေးလျက်ရှိသော ဆောက်လုပ်ရေးဝန်ကြီးဌာန၊ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန ကရင်ပြည်နယ်ညွှန်ကြားရေး မှူးရုံး (၃)ထပ်အဆောက်အဦသစ်ဖွင့်ပွဲကို ယနေ့ နံနက် ၈ နာရီခန့်က ဘားအံမြို့၊ လှာကမြင်ကွက် သစ်ရှိ အဆိုပါရုံးအဆောက်အဦသစ်၌ ကျင်းပသည်။
ဂွမြို့နယ်တွင် မီးအာမခံလျော်ကြေးငွေပေးအပ်ပွဲနှင့် အာမခံလုပ်ငန်းများအကြောင်းဆွေးနွေး
Apr 08,2022
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ်တွင် မီးအာမခံလျော်ကြေးငွေ ပေးအပ်ပွဲနှင့် အာမခံလုပ်ငန်းများအကြောင်း ဆွေးနွေးခြင်း အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီခွဲတွင် မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ကန့်ဘလူမြို့နယ်၌ အသက် ၁၂ နှစ်နှင့်အထက်ကျောင်းသား ကျောင်းသူများအား ကိုဗစ်- ၁၉ ရောဂါကာကွယ်ဆေးထိုးနှံ
Apr 08,2022
စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ်တွင် အသက် ၁၂ နှစ်နှင့်အထက်ကျောင်းသား ကျောင်းသူများအား ကိုဗစ်- ၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေးလျက်ရှိရာ ဧပြီ ၈ ရက်မွန်းလွဲ ၁၂ နာရီခွဲက တက္ကသိုလ်ဝင်စာ မေးပွဲဖြေဆိုပြီးသော ကာကွယ်ဆေးတစ်ကြိမ်မျှမထိုးနှံရသေးသည့် ကျောင်းသားကျောင်းသူများကို ကန့်ဘလူမြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း ရွှေရတုကျောင်းဆောင်၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံ ပေးလျက်ရှိကြောင်း မြို့နယ် ပညာရေးမှူးရုံးမှ သိရသည်။
ပေါင်မြို့တွင် သဘာဝပတ်ဝန်းကျင်ဆိုင်ရာအသိပညာပေး Talk Show ကျင်းပ
Apr 08,2022
သထုံခရိုင်၊ ပေါင်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် သစ်တောဦးစီးဌာနတို့ ပူးပေါင်း၍ သဘာဝပတ်ဝန်း ကျင်ဆိုင်ရာအသိပညာပေး(Talk Show)ကို ယနေ့မွန်းလွဲပိုင်းက မြို့နယ် လူထု အခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ကျင်းပခဲ့သည်။
ကျောက်ကြီးမြို့နယ်၌ (၂၀၂၁-၂၀၂၂ ) ပညာသင်နှစ် တက္ကသိုလ်၀င်စာမေးပွဲ စာစစ်ဌာန(၃)ခု တို့တွင် ဖြေဆိုပြီးစီး
Apr 08,2022
ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ကျောက်ကြီးမြို့နယ်၌ (၂၀၂၁-၂၀၂၂ ) ပညာသင်နှစ် တက္ကသိုလ်၀င်စာမေးပွဲကို စာဖြေဌာန (၃)ခု၌ ကျောင်းပြင်ဖြေ၊ ကျောင်းတွင်းဖြေ ကျောင်းသား ကျောင်းသူများ အေးချမ်းပျော်ရွင်စွာ ဖြေဆိုပြီးခဲ့သည်။
သထုံမြို့နယ်တွင် တက္ကသိုလ်ဝင်စာမေးပွဲ သမိုင်းဘာသာရပ်ဖြေဆို
Apr 08,2022
မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် ယနေ့နံနက်ကျင်းပသည့် ၂၀၂၁-၂၀၂၂ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲကို အေးချမ်းစွာ ဆက်လက်ဖြေဆိုလျက်ရှိရာ ယနေ့နောက်ဆုံးနေ့အဖြစ် သမိုင်းဘာသာရပ်အား မြို့နယ်အတွင်းရှိ စာစစ်ဌာနအသီးသီးတို့၌ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း ၉၆.၃၀ ရာခိုင်နှုန်း လာရောက်ဖြေဆို ခဲ့ကြကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။